အီဂျစ်သမ္မတ​ဟောင်းမူဘာရက် သေဒဏ်နှင့်ပင် ရင်ဆိုင်ရ​ဖွယ်ရှိကြောင်း တရားရေး​ဝန်ကြီးပြောကြား

alt

အီဂျစ် တရားရေးဝန်ကြီးဖြစ်သူက သမ္မတဟောင်း ဟိုစနီ မူဘက်ရက်သည် သေဒဏ်နှင့်ပင် ရင်ဆိုင်ရဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။

မူဘာရက်အနေနှင့် ၎င်းအာဏာရနေစဥ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ​ကို သတ်ပစ်ရန်​​အမိန့်ပေးခဲ့ကြောင်း ပြစ်မှု​ထင်ရှားပါက သေဒဏ်​စီရင်ခြင်းနှင့်ပင် တွေ့ကြံု​ရနိုင်သည်ဟု လက်ရှိ​တရားရေး​ဝန်ကြီး မိုဟာမက် အက်ဒီလာဇစ် အယ်ဂျင်ဒီက ရာထူး​လက်ခံပြီး ပထမဆုံး TV အင်တာဗျူး​အဖြစ် CNN နှင့် တွေ့ဆုံစဥ် ပြောဆိုသွားသည်။

မူဘာရက်သည် ရာဇဝတ်မှုမြောက်သော အမိန့်များ ပေးခဲ့သည်ကို တွေ့ရှိပါက သေဒဏ်မှ လွတ်မြောက်ရန် အခွင့်အရေး မရှိနိုင်ဟု​လည်း ဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။ အသက် ၈၃ နှစ် ရှိပြီ​ဖြစ်ပြီး နာမကျန်းဖြစ်နေသော သမ္မတ​ဟောင်း​သည် ယခုအခါ ရှာရမ်အယ်ရှိတ် ဆေးရုံတွင် တက်ရောက်​ကုသမှု ခံယူ​နေရသည်။

၎င်းသည် အီဂျစ်တွင် ဖြစ်ပေါ်ခဲ့သည့် အရေးအခင်း အုံကြွမှုများအတွင်း ဆန္ဒပြသူ ၈၀၀ ခန့်ကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့ကြောင်း စွပ်စွဲခံနေရသည်။ ထို့အပြင် အစိုးရ သက်တမ်းအတွင်း လာဘ်စားမှု၊ တရားမဝင် ငွေကြေးရယူမှုများ ပြုလုပ်ခဲ့ဆိုသော စွဲချက်များကိုလည်း ဖြေရှင်းရမည်ဖြစ်သည်။

၎င်းသည် လက်ရှိတွင် နှလုံးခုန်နှုန်း မမှန်ကန်သည့် ဝေဒနာကြောင့် အစောင့်အကြပ် ထူထပ်စွာဖြင့် ဆေးရုံတင်ခြင်း ခံထားရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here