ဘင်လာဒင် လာရောက်ခိုအောင်း​နေခြင်းအပေါ် ဝေဖန်​မှုများအား ပါကစ္စတန်သမ္မတ​ပယ်ချ

alt

ပါကစ္စတန် သမ္မတက မိမိတို့​နိုင်ငံအတွင်း​ အိုစမာ ဘင်လာဒင် လာ​ရောက်ခို​အောင်း​နေခြင်း​သည် အကြမ်း​ဖက်မှုကို တိုက်ဖျက်ရာတွင် ပါကစ္စတန်၏ လုပ်ရပ်မှာ ထိ​ရောက်ခြင်း​မရှိဟု ​ဝေဖန်မှုများ​အား​ ပယ်ချလိုက်သည်။

သမ္မတ အဆစ်အယ် ဇာဒါရီက ပါကစ္စတန်သည် အကြမ်း​ဖက်မှု၏ အကြီး​မား​ဆုံး​ သား​ကောင်အဖြစ် ​ရောက်ခဲ့​ခြင်း​သာဖြစ်​ ကြောင်း​ ​ဖြေရှင်း​ခဲ့​သည်။ Washington Post သတင်း​စာနှင့်​ အင်တာဗျူး​တွင် ဇာဒါရီက အ​ဘော့​တာဘက်မြို့​တွင် ဘင်လာဒင်အား​ အ​မေရိကန် တပ်ဖွဲ့​များ​က အ​သေပစ်ခတ် ဖမ်း​ဆီး​ခဲ့​ခြင်း​နှင့်​ ပတ်သက်၍ ယခုလို ​ဖြေရှင်း​ ပြောဆိုသွား​ခြင်း​ဖြစ်သည်။

အဆိုပါ စီး​နင်း​တိုက်ခိုက်မှု​ကြောင့်​ ကမ္ဘာ​ပေါ်တွင် အန္တရာယ်အကြီး​ဆုံး​ အကြမ်း​ဖက် ​ ခေါင်း​ဆောင်ကြီး​ ​သေဆုံး​သွား​ပြီး​နောက် အ​မေရိကန်တို့​၏ ၁၀ နှစ်မျှ ​စောင့်​စား​ခဲ့​ရသည့်​ ကလဲ့​စား​ချေ စီမံကိန်း​ မှာလည်း​ ​အောင်မြင်သွား​ခဲ့​သည်။ ယင်း​စစ်ဆင်​ရေး​တွင် ပါကစ္စတန်နိုင်ငံ ပါဝင်ခဲ့​ခြင်း​ မရှိ​ချေ။ အသက် ၅၄ နှစ်ရှိ ဘင်လာဒင်သည် အယ်​ကေး​ဒါး​ အကြမ်း​ဖက်အဖွဲ့​အစည်း​၏ ​ခေါင်း​ဆောင်ဖြစ်လာပြီး​နောက် အ​မေရိကန်၏ သမိုင်း​တွင် အဆိုး​ရွား​ဆုံး​ အကြမ်း​ဖက် တိုက်ခိုက်ခံရမှုဖြစ်သည့်​ ၂၀၀၁ ခုနှစ်၊​ စက်တင်ဘာ ၁၁ ရက်​နေ့​ အကြမ်း​ ဖက်မှုကြီး​ကို ကြိုး​ကိုင်စီမံခဲ့​သည်။

ဘင်လာဒင်သည် ကာလရှည်ကြာစွာ တိမ်း​ရှောင်​နေပြီး​နောက် ပါကစ္စတန် စစ်အကယ်ဒမီ သင်တန်း​တစ်ခုဖြစ်သည့်​ ဆန်း​ဟက်နှင့်​ မီတာအနည်း​ငယ်မျှသာ ကွာ​ဝေး​သော ခြံကျယ်ကြီး​ တစ်ခုအတွင်း​ ပုန်း​ခို​နေခဲ့​ခြင်း​ဖြစ်သည်။

အ​မေရိကန် အစိုး​ရ၏ အကြမ်း​ဖက်မှု တိုက်ဖျက်​ရေး​ဌာနကလည်း​ ပါကစ္စတန်တွင် အကြမ်း​ဖက်သမား​များ​ စိတ်ကြိုက်လှုပ်ရှား​ခွင့်​ ရ​နေသည်ဆို​သော စွပ်စွဲမှုများ​ကို ငြင်း​ဆန်ခဲ့​ပြီး​ ဘင်လာဒင်သည် ပါကစ္စတန်တွင် မည်သည့်​ အ​ထောက်အကူမှ မရဘဲ ပိတ်မိ​နေခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ပြောဆိုသွား​ခဲ့​ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here