အ​မေရိကန်တွင် ဆယ်​ကျော်သက်များ​ က​လေး​မွေး​ဖွား​နှုန်း​လျော့​ကျ

alt

အ​မေရိကန်နိုင်ငံတွင် ဆယ်​ကျော်သက်များ​ က​လေး​မွေး​ဖွား​နှုန်း​ ​လျော့​ကျသွား​ကြောင်း​ သိရသည်။

၂၀၀၉ ခုနှစ်က အ​မေရိကန်၏ ဆယ်​ကျော်သက်များ​ က​လေး​မွေး​နှုန်း​သည် စံချိန်တင် ပမာဏထိ ကျဆင်း​သွား​သော်လည်း​ ဖွံ့​ဖြိုး​ဆဲ နိုင်ငံအား​လုံး​အနက်တွင်မူ အများ​ဆုံး​အဖြစ် ဆက်လက်ရပ်တည်​နေဆဲဖြစ်သည်။ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား​ မိန်း​က​လေး​ ၄၁၀၀၀၀ ​ကျော်မှာ ၂၀၀၉ ခုနှစ်အတွင်း​ က​လေး​မွေး​ဖွား​ခဲ့​ကြသည်။

ထို့​ကြောင့်​ ဆယ်​ကျော်သက် မိန်း​က​လေး​ ၁၀၀၀ လျင် က​လေး​မွေး​သူ အ​ရေအတွက်မှာ ၃၉ ဦး​သာ ရှိ​တော့​သည်အထိ နည်း​ပါး​ခဲ့​ခြင်း​ဖြစ်သည်။ လွန်ခဲ့​သော နှစ်​ပေါင်း​ ၂၀ ခန့်​က ဆယ်​ကျော်သက် က​လေး​မွေး​မှုမှာ အ​မေရိကန်တွင် ၃၇ ရာခိုင်နှုန်း​ ရှိခဲ့​ပြီး​ မိန်း​က​လေး​ ၁၀၀၀ လျင် ၆၁.၈ ဦး​မှာ ကိုယ်ဝန်​ဆောင် က​လေး​မွေး​ခဲ့​ကြသည်။

အမျိုး​သား​ ကျန်း​မာ​ရေး​စစ်တမ်း​စင်တာ NCHSက ဆယ်​ကျော်သက်အရွယ်များ​ က​လေး​မွေး​ဖွား​မှုနှုန်း​ စံချိန်တင် ​လျော့​ကျလာခြင်း​ကို ကြိုဆိုခဲ့​သည်။ ထို့​အပြင် ဆယ်​ကျော်သက်များ​ လိင်ဆက်ဆံမှုသည် လွန်ခဲ့​သော နှစ်​ပေါင်း​ ၂၀ နှင့်​ယှဉ်ပါက ​လျော့​နည်း​သွား​သည်။

အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား​ ဆယ်​ကျော်သက် ၄၆ ရာခိုင်နှုန်း​ကသာ ၎င်းတို့​ လိင်ဆက်ဆံဖူး​ကြောင်း​ ၂၀၀၉ စစ်တမ်း​သို့​ ​ပြောကြား​ခဲ့​သည်။၁၉၉၁ ခုနှစ်က ​ကောက်ခံခဲ့​သော စစ်တမ်း​တွင်မူ လိင်ဆက်ဆံဖူး​သူ ဆယ်​ကျော်သက် အ​ရေအတွက်မှာ ၅၄ ရာခိုင်နှုန်း​ကျော် ရှိ​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here