မိခင်ကို သတ်ခဲ့​မိ​​ကြောင်း​ စွပ်စွဲမှု​ကြံု​နေရသည် အသက် ၂ နှစ်အရွယ် အ​မေရိကန်​က​လေး​ငယ်

alt

အ​မေရိကန်နိုင်ငံမှ အသက် ၂ နှစ်ခွဲအရွယ် က​လေး​ငယ်တစ်ဦး​သည် မိခင်ဖြစ်သူအား​ သတ်ခဲ့​မိ​ကြောင်း​ စွပ်စွဲမှုများ​ ကြံု​နေရသည်။

ဖ​လော်ရီဒါမှ အမျိုး​သမီး​တစ်ဦး​မှာ သူမ၏ က​လေး​က မ​တော်တဆ ပစ်ခတ်ခဲ့​မိသည့်​ ကျည်ဆန်ထိမှန်ကာ ​သေဆုံး​ခဲ့​သည်။ မီရာမာ ရဲတပ်ဖွဲ့​မှ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​ တာနီရာရူး​က က​လေး​ ငယ်သည် ဖခင်ဖြစ်သူ၏ ပစ္စတို​သေနတ်ကို ​ကောက်ကိုင်မိရင်း​ ကျည်ဆန်ထွက်ကာ မိခင်ကို ထိမှန်သွား​ခြင်း​ဖြစ်​ ကြောင်း​ ​ပြောကြား​ခဲ့​သည်။

အသက် ၃၃ နှစ်ရှိ ဂျူလီယာ ဘန်း​နက်သည် က​လေး​၏ ဖခင်ဖြစ်သူနှင့်​ လက်မထပ်ရ​ သေး​ချေ။ သူမသည် ဧပြီ ၂၀ ရက်​နေ့​ ဖြစ်စဉ်အတွင်း​ ကျည်ဆန်တိုက်ရိုက်ထိမှန် ​သေဆုံး​ခဲ့​ရှာခြင်း​ဖြစ်သည်။ တာနီရာက 911 ဖုန်း​ခေါ်မှုတစ်ခု ​ရောက်ရှိလာပြီး​နောက် က​လေး​အ​ဖေက က​လေး​ငယ်သည် မိခင်ဖြစ်သူကို မ​ တော်တဆ ပစ်သတ်မိ​ကြောင်း​ အ​ကြောင်း​ကြား​ခဲ့​သည်။

ရဲများ​က ဖြစ်စဉ်ကို အ​သေး​စိတ် စုံစမ်း​မှုများ​ ပြုလုပ်ခဲ့​ ကြောင်း​ သိရသည်။ က​လေး​၏ ဖခင်ကမူ ယင်း​ကိစ္စအတွက် မယုံနိုင်​အောင် ဖြစ်မိ​ကြောင်း​ ဝမ်း​ပမ်း​တနည်း​ ​ ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here