Rock သီချင်း​များ​လည်း​ အဆိုပိုင်သည့်​ ဆူဇန်ဘွိုင်း​

alt

ဆူဇန်ဘွိုင်း​သည် ခန့်​ညား​ထည်ဝါ​သော သီချင်း​ကြီး​ သီချင်း​ခန့်​များ​ကို ပိုင်နိုင်စွာ သီဆိုနိုင်သူအဖြစ် လူသိများ​သည်။

သို့​သော်လည်း​ ဗြိတိန်နိုင်ငံ၏ နာမည်​ကျော် Britain’s got talent အစီအစဉ်မှ ​ပေါ်ထွက်လာ​သော အဆို​တော်သည် Rockဂီတကို ခုံမင်သည့်​ ဗီဇ​သွေး​များ​လည်း​ စီး​ဝင်လျက်ရှိသည်။ ဆူဇန်သည် သူမ၏ အသက် ၅၀ ပြည့်​ ​မွေး​နေ့​ပွဲတွင် Guns n’ roses သီချင်း​များ​ဖြင့်​ ​ဖျော်​ဖြေခဲ့​ရာ ပရိသတ်များ​ တအံ့​တဩ ဖြစ်ခဲ့​ကြရသည်။

၁၉၈၇ ခုနှစ်က နာမည်​ကျော်ခဲ့​သည့်​ Sweet Child O’ Mineကို ဆူဇန်က ကိုယ်တိုင်ဂစ်တာတီး​ပြီး​ ဆိုပြခဲ့​ခြင်း​ဖြစ်သည်။ ဆူဇန်သည် ​မွေး​နေ့​ပွဲသို့​ မိသား​စုနှင့်​ မိတ်​ဆွေသူငယ်ချင်း​ ၁၅၀ ခန့်​ကိုသာ ဖိတ်ကြား​ပြီး​ အ​နောက်လိုသီယန်ရှိ ဘလက်ဘန်း​မှ ​နေအိမ်တွင် သီး​သန့်​ကျင်း​ပခဲ့​သည်။ ဧပြီလ ၁ ရက်​နေ့​ ​မွေး​နေ့​ပွဲ တက်​ရောက်ခဲ့​သူများ​က ဆူဇန်သည် အလွန်ပျူငှာ ​ပျော်ရွှင်စွာ လိုက်လံဧည့်​ခံခဲ့​ပြီး​ ​တွေ့​သမျှလူတိုင်း​ကို ​ဖော်​ဖော်​ရွေ​ရွေ ​ပြောဆို​နေခဲ့​ကြောင်း​ ချီး​ကျူး​ခဲ့​သည်။

သူမသည် အမည်​ဖော်ပြခြင်း​ မပြုသည့်​ ပရိသတ် တစ်ဦး​က လျှို့​ဝှက်စွာ လက်​ဆောင်အဖြစ် ​ပေး​ပို့​ခဲ့​သည့်​ ​ပေါင်စတာလင် ၃၅၀၀၀ တန် ​ရွှေနှင့်​စိန်စီ လည်ဆွဲကို ဆင်မြန်း​ထား​ကြောင်း​ သိရသည်။ ဆူဇန်သည် Britain’s got talentမှ နာမည်ကြီး​လာခဲ့​ပြီး​နောက် I dreamed a dream အမည်ရှိ အယ်ဘမ်ကို ထုတ်​ဝေခဲ့​ရာ ကမ္ဘာတဝှမ်း​တွင် ချပ်​ရေ ၁၄ သန်း​ကျော် ​ရောင်း​ချခဲ့​ရ​ကြောင်း​ သတင်း​များ​က ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here