စာ​မေး​ပွဲ​အ​ဖြေလွှာတွင် ပိုက်ဆံညှပ်​ထည့်​ပေး​လိုက်သည့်​ တရုတ်​​ကျောင်း​သား​

alt

တရုတ်နိုင်ငံရှိ ​ကျောင်း​သား​တစ်ဦး​သည် စာ​မေး​ပွဲစစ်ရာတွင် စာ​ဖြေမည့်​အစား​ ပိုက်ဆံထည့်​ပေး​လိုက်​ကြောင်း​ သိရသည်။

ဝမ်ဟုသာ အမည်​ဖော်ပြ​သော ဆရာမသည် အ​ဖြေလွှာ စာရွက်တစ်ခုတွင် ယွမ်​ငွေ ၁၀၀ တန် တစ်ရွက် ညှပ်ထည့်​ထား​သည်ကိုသာ တအံ့​တဩ ​တွေ့​ရှိခဲ့​ရသည်။ ထိုပိုက်ဆံကို အ​ဖြေလွှာအတွင်း​ ညှပ်ထား​သော်လည်း​ စာတစ်လုံး​မှ ​ရေး​မထား​ဟု ဝမ်က ရှင်း​ပြခဲ့​သည်။

ထို့​အပြင် ထိုမူလတန်း​ ​ကျောင်း​သား​၏ မိသား​စုမှာ ချမ်း​သာကြွယ်ဝ​ကြောင်း​လည်း​ ဝမ်ကဆိုသည်။ ကွင်ဒါအိုရှိ ဆရာမသည် ထို​ကျောင်း​သား​အား​ ပိုက်ဆံပြန်​ပေး​လိုက်ပြီး​ အတန်း​ထဲတွင်ပင် ဆူပူကြိမ်း​မောင်း​ခဲ့​ကြောင်း​ သိရသည်။

ထို့​အပြင် စာတစ်လုံး​မှ မပါလာသည့်​ အ​ဖြေစာရွက်အတွက်လည်း​ ​ကျောင်း​သား​အား​ အမှတ်သုည ​ပေး​လိုက်​ကြောင်း​ သတင်း​များ​က ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here