ထိုင်းဘုရင် ဘူမီဘို အဒူယာဒက် ခွဲစိတ်​ကုသမှု ခံယူရမည်

alt

ထိုင်းဘုရင်မင်းမြတ် ဘူမီဘို အဒူယာဒက်သည် ကျောရိုးတွင် အပေါက်ဖောက်သည့် ခွဲစိတ်ကုသမှုတစ်ခု ခံယူရမည်ဖြစ်ကြောင်း သိရသည်။

တော်ဝင်မိသားစုက ထိုင်းဘုရင့်ထီးနန်း သမိုင်းတလျှောက်တွင် ကြံုတွေ့ခဲသည့် ကျန်းမာရေးဆိုင်ရာ အကြပ်အတည်း တစ်ခုကို ရင်ဆိုင်ရမည်ဟု အတည်ပြုခဲ့သည်။ ဆရာဝန်များက သက်တော် ၈၃ နှစ်ရှိပြီး ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး ထီးဆောင်းမင်းအဖြစ် ရပ်တည်နေသည့် ဘုရင်ကြီး အဒူယာဒက်၏ ကျောရိုးတွင် ပိုလျှံစုဝေးနေသော အရည်များကို ဖောက်ထုတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Spinal Tapဟုလည်း ခေါ်ဝေါ်ကြသည့် အဆိုပါ ကုသမှုကို ခံယူပြီးပါက ဘုရင်ကြီးအနေနှင့် လမ်းလျှောက်ချိန်တွင် ဟန်ချက်မညီသည့် သက်ရောက်မှုမျိုး ဖြစ်လာနိုင်ကြောင်းလည်း သိရသည်။ ဘုရင်အဒူယာဒက်သည် ထိုင်းပြည်သူ အများစု၏ ခန့်ညားရိုသေမှုကို ခံယူရရှိသော ဘုရင်ဖြစ်ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံသို့ မကြာခဏ တင်ပို့ခဲ့ရသည်။

ထိုင်းတော်ဝင် မိသားစုက ဘုရင်ကြီးသည် အဆုတ်တွင် ရောဂါပိုးဝင်မှုမှ သက်သာပျောက်ကင်းလာကြောင်း ကြေညာခဲ့သော်လည်း နလံထူရန်နှင့် အာဟာရ ပြည့်ဝရန်အတွက် ဆေးရုံတွင်ပင် ဆက်နေခဲ့ရသည်။

င်းသည် နိုင်ငံရေးတွင် တရားဝင် လုံးဝယှက်နွယ်မှု မရှိသလို ထိုင်းအစိုးရက ဘုရင်နှင့်ပတ်သက်၍ မည်သည့်အဆိုးမြင် ဝေဖန်ချက်ကိုမှ လက်မခံဘဲ ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ်သတ်မှတ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here