ဆိုမာလီယာ ပင်လယ်ဓား​ပြနှစ်ဦး​အား​ စပိန်တရား​ရုံး​က ​ထောင်ဒဏ် ၄၃၉ နှစ်စီချမှတ်

alt

စပိန်နိုင်ငံရှိ တရား​ရုံး​တစ်ခု ဆိုမာလီယာ ပင်လယ်ဓား​ပြ နှစ်ဦး​အား​ ​ထောင်ဒဏ် ၄၃၉နှစ်စီ ချမှတ်လိုက်​ကြောင်း​ သိရသည်။

တူနာငါး​ဖမ်း​ သ​င်္ဘောတစ်စင်း​ကို အပိုင်စီး​ခဲ့​သူ နှစ်ဦး​သည် ၂၀၀၉ ခုနှစ်က အဖမ်း​ခံရပြီး​ကတည်း​က မက်ဒရစ်မြို့​ရှိ အကျဉ်း​ထောင်တွင် ထည့်​သွင်း​ထိန်း​သိမ်း​ ခံထား​ရသည်။ အဆိုပါ ငါး​ဖမ်း​သ​င်္ဘောသည် ၄၇ ရက်အကြာတွင် ပြန်လည်လွတ်​မြောက်လာခဲ့​သော်လည်း​ စပိန်အစိုး​ရက ပြန်​ပေး​ငွေ ​ပေး​ချေခဲ့​သည်ဆိုခြင်း​ကို ငြင်း​ဆိုထား​သည်။

အဖွဲ့​ဝင် ၃၆ ဦး​ ပါဝင်​သော ​ရေယာဉ်ကို စီး​နင်း​ခဲ့​ကြောင်း​ စစ်​ဆေး​တွေ့​ရှိပြီး​နောက် ယခုဆိုမာလီ ဓား​ပြနှစ်ဦး​အား​ စပိန်သမိုင်း​တွင် ကာလအရှည်ကြာဆုံး​ ​ထောင်ဒဏ်ကို ချမှတ်ခဲ့​ခြင်း​ဖြစ်သည်။ ကက်ဒီဝီလီ ကက်ဒူလာဟိုင်နှင့်​ ရာဂျက်ဂျီဆီ ဟာဆန်အဂျီဟု အမည်​ဖော်ပြ​သော ဓား​ပြနှစ်ဦး​အား​ ဓား​ပြမှု၊​ အကြမ်း​ဖက်မှု၊​ ခြိမ်း​ခြောက်မှုများ​ဖြင့်​ စွဲချက်တင်ခဲ့​ခြင်း​ဖြစ်သည်။

၎င်းတို့​နှစ်ဦး​သည် ယူရို​ငွေ တစ်သိန်း​စီ ဒဏ်​ကြေး​ပေး​ဆောင်ရန်လည်း​ ပြစ်ဒဏ်ချမှတ် ခံရသည်။ မက်ဒရစ် တရား​ရုံး​က ယခုပြစ်ဒဏ်သည် အစိုး​ရပိုင်း​နှင့်​ ဆက်စပ်မှုရှိ​ကြောင်း​လည်း​ အတည်ပြု ​ပြောကြား​ခဲ့​သည်။

ပင်လယ်ဓား​ပြလုပ်ငန်း​သည် အစိုး​ရဩဇာ ဖရိုဖရဲဖြစ်​နေသည့်​ ဆိုမာလီယာနိုင်ငံတွင် တွင်ကျယ်ကြီး​စိုး​နေပြီး​ ပင်လယ်ဓား​ပြများ​သည် သ​င်္ဘောများ​ကို စီး​နင်း​ပြီး​နောက် ​ဒေါ်လာ သန်း​ပေါင်း​များ​စွာ ပြန်​ပေး​ငွေအဖြစ် ရရှိထား​ပြီး​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here