ဗြိတိန်​ မသန်စွမ်း​သူတစ်ဦး​ ​ခြေ​ထောက်ကို သံဖြတ်​လွှဖြင့်​ ကိုယ်တိုင်​ဖြတ်ကာ အဆုံး​​စီရင်သွား​

alt

ဗြိတိန်နိုင်ငံမှ မသန်စွမ်း​သူတစ်ဦး​သည်မိမိ၏ ​ခြေ​ထောက်များ​ကို သံဖြတ်လွှ တစ်​ချောင်း​ဖြင့်​ ကိုယ်တိုင်ဖြတ်ပစ်ခဲ့​ကြောင်း​ သိရသည်။

အသက် ၆၅ နှစ်အရွယ်ရှိ ဘာရီဟပ်ဘန်း​ထံ မိမိတို့​ ​ရောက်သွား​ချိန်တွင် ​ခြေ​ထောက်မှ တစိမ့်​စိမ့်​ထွက်သည့်​ ​သွေး​များ​ကြောင့်​ ​သွေး​ထွက်လွန်ကာ ​သေဆုံး​နေပြီဟု သူနာပြုများ​က ​ပြောကြား​ခဲ့​သည်။သူနာပြု တစ်ဦး​ဖြစ်​သော ဂယ်ရီအယ်​ဆော့​က ညာဖက်​ခြေ​ထောက်မှာ ပြတ်လုနီး​နီး​ဖြစ်ပြီး​ လွှမှာ ​ခြေ​ထောက်တွင် ရှိ​နေဆဲဖြစ်​ကြောင်း​၊​ အခြား​ခြေ​ထောက်၏ ပြတ်​တောက်​နေ​သော ဒဏ်ရာ အရွယ်အစား​အရ လွှတစ်လက်ထဲဖြင့်​ တိုက်ဖြတ်ထား​ခြင်း​ဆိုသည်မှာ သိသာ​ကြောင်း​ သတင်း​ထောက်များ​အား​ ​ပြောကြား​ခဲ့​သည်။

ဟပ်ဘန်း​သည် လွန်ခဲ့​သည့်​ ၁၀ နှစ်ခန့်​ ​ခွေး​တစ်​ကောင် ကိစ္စအတွက် အိမ်နီး​ချင်း​ တစ်ဦး​နှင့်​ စကား​များ​ခဲ့​ပြီး​နောက် ​ခြေ​ထောက်ကို ​သေနတ်ဖြင့်​ ပစ်ခတ်ခံခဲ့​ရသည်။ ထိုအချိန်ကတည်း​က ​ခြေ​ထောက်များ​ကို အသုံး​မပြုနိုင်​တော့​ချေ။ ဟပ်ဘန်း​၏ ဇနီး​က သူမ၏ ခင်ပွန်း​သည် ယခင်ကတည်း​က စိတ်ဓာတ်ကျပြီး​ မိမိကိုယ်ကိုယ် သတ်​သေရန် ကြိုး​စား​မှုများ​ ရှိခဲ့​ကြောင်း​ထွက်ဆိုခဲ့​သည်။

ထို့​အပြင် ဟပ်ဘန်း​သည် မိမိ​ခြေ​ထောက်များ​ကို ဖြတ်ပစ်ချင်သည်ဟု ဇနီး​ကိုလည်း​ ညည်း​တွား​ပြောဆိုဖူး​ကြောင်း​ သိရသည်။ ထို့​အပြင် ၎င်း၏ ဇနီး​အား​ မိမိ၏ ​ခြေလက်များ​ကို ဖြတ်​တောက်​နေပုံ ဗီဒီယိုများ​ကို အင်တာနက်မှ ရယူကာ ပြသခဲ့​ဖူး​သေး​ကြောင်း​ သတင်း​များ​က ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here