Goal Line နည်း​ပညာ စတင်သုံး​စွဲရန် FIFA သ​ဘောတူ

alt

ကမ္ဘာ့​ဘောလုံး​အဖွဲ့​ချုပ် FIFAက ဂိုး​သွင်း​ယူမှုနှင့်​ ပတ်သက်၍ အငြင်း​ပွား​ဖွယ် အကြပ်အတည်း​များ​မကြာခဏကြံု​တွေ့​နေရပြီး​နောက် Goal Line နည်း​ပညာ​ကို စတင်​​သုံး​စွဲရန် သ ဘော​တူညီ​လိုက်ပြီဖြစ်​သည်။

ဘောလုံး​ပွဲများ​တွင် နည်း​ပညာ အဆုံး​အဖြတ် အကူအညီ ရယူရန် အစဉ်တစိုက် ငြင်း​ဆန်လာ​သဖြင့်​ ​ရှေး​ရိုး​စွဲ ဝါဒီများ​ဟု ကင်ပွန်း​တပ်ခံရသည့်​ FIFA သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ် အင်္ဂလန် ပရီး​မီး​ယား​လိဂ် ပွဲစဉ်အဖြစ် ချဲလ်ဆီး​က ​တော့​တင်ဟမ် ​ဟော့​စပါး​ကို ၂-၁ ဖြင့်​ အနိုင်​ရရှိခဲ့​စဉ် ဖြစ်​ပေါ်ခဲ့​သော အငြင်း​ပွား​ဖွယ် ကိစ္စများ​ကြောင့်​ Goal Line နည်း​ပညာ​အတွက် ကိရိယာများ​ စမ်း​သပ်​တပ်ဆင်​ပေး​ရန် အတည်ပြုလိုက်သည်။

ထိုပွဲတွင် ချဲလ်ဆီး​ရသွား​သော ဂိုး​တစ်ဂိုး​သည် ဂိုး​စည်း​ကို အပြည့်​အဝ မ​ကျော်​သေး​ဘဲ ​တော့​တင်ဟမ် ဂိုး​သမား​က တား​ဆီး​ထား​နိုင်ခဲ့​သော်လည်း​ ဒိုင်လူကြီး​က ဂိုး​အဖြစ် သတ်မှတ်ခဲ့​ရာ ​တော့​တင်ဟမ်အတွက် နစ်နာခဲ့​ရသည်။

၂၀၁၀ ကမ္ဘာ့​ဖလား​ ​ဘောလုံး​ပွဲတွင်လည်း​ ဂျာမနီဖက်သို့​ အင်္ဂလန်သွင်း​ယူ​သောဂိုး​မှာ ဂိုး​ထဲဝင်သွား​ပြီး​ ဖြစ်ခဲ့​သော်လည်း​ ဒိုင်လူကြီး​က ဂိုး​အဖြစ် သတ်မှတ်​ပေး​ရန် ငြင်း​ဆန်ခဲ့​ရာ အင်္ဂလန်တို့​ သ​ရေရမည့်​ အခွင့်​အ​ရေး​ကို လက်လွှတ်ခဲ့​ရပြီး​ ၄-၁ ဖြင့်​ အ​ရေး​နိမ့်​ကာ ပြိုင်ပွဲမှ အရှက်တကွဲ ထွက်ခွာခဲ့​ရသည်။ Goal Line နည်း​ပညာမှာ ခရတ်ကတ်နှင့်​ တင်း​နစ်ဂိမ်း​များ​တွင် ​အောင်မြင်မှုများ​ ရရှိ​နေပြီဖြစ်ပြီး​ FIFAဥက္ကဌ ဆပ်ဘတ္တလာက ​ဘောလုံး​ပွဲများ​တွင် အကန့်​အသတ်ဖြင့်​ စမ်း​သပ်သုံး​စွဲ​ပေး​ရန် ခွင့်​ပြုလိုက်ရသည်။

FIFAက ဂိုး​ဝင်သွား​ချိန်တွင် ဒိုင်လူကြီး​၏ လက်ပတ်နာရီသို့​ တိုက်ရိုက်သတင်း​အချက်အလက် ​ပေး​ပို့​မည့်​ စနစ်မျိုး​ကို လိုလား​လျက်ရှိသည်။ သတင်း​များ​အရ ၂၀၁၄ ကမ္ဘာ့​ဖလား​ ​ဘောလုံး​ပြိုင်ပွဲတွင် Goal Lineနည်း​ပညာကို တွင်ကျယ်စွာ အသုံး​ပြု​နေနိုင်​သော အ​ခြေအ​နေသို့​ ​ရောက်ရှိ​နေမည်ဟု ​လေ့​လာသူများ​က ယူဆ​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here