​အော်ဟစ်​ကျိန်ဆဲခြင်း​က နာကျင်မှု​များ​ကို သက်သာ​​လျော့​နည်း​စေနိုင်

alt

​အော်ဟစ်ကျိန်ဆဲမှုသည် နာကျင်မှုများ​အား​ သက်သာ​လျော့​နည်း​စေသည့်​ သဘာဝ ကုထုံး​တစ်ခုဟု ပညာရှင်များ​က ​ပြောကြား​လိုက်သည်။

ဗြိတိသျှ စိတ်ပညာ ​လေ့​လာ​ရေး​အဖွဲ့​က သု​တေသန ပြုလုပ်ခဲ့​ရာ ကျိန်ဆဲခြင်း​သည် ကျန်း​မာ​ရေး​အတွက် တစ်နည်း​တစ်ဖုံ အ​ထောက်အကူပြု​ကြောင်း​ ​တွေ့​ရှိခဲ့​ရသည်။ အသင့်​အတင့်​မျှ အ​နေအထား​တွင် ကျိန်ဆဲခြင်း​သည် နာကျင်မှုများ​ကို သက်သာ​စေ​ကြောင်း​ ကီလီတက္ကသိုလ် စိတ်ပညာ​ကျောင်း​မှ သု​တေသီများ​ကဆိုသည်။

ဦး​ဆောင်သု​တေသီ ​ဒေါက်တာရစ်ချတ်စတီဖင်က Scotsmanနှင့်​ အင်တာဗျူး​တွင် လူအများ​အ​နေနှင့်​ ကျိန်ဆဲခြင်း​မှ ရယူနိုင်​သော အကျိုး​အမြတ်တစ်ခုရှိပြီး​ လိုအပ်​သော အ​ခြေအ​နေများ​တွင် ကျိန်ဆဲ​အော်ဟစ်ခြင်း​ဖြင့်​ နာကျင်မှုကို ​လျော့​နည်း​စေနိုင်​ကြောင်း​ ရှင်း​ပြခဲ့​သည်။

စတီဖင်က အလွန်အကျွံ ဆဲဆိုခြင်း​မျိုး​ကိုမူ အား​မ​ပေး​ကြောင်း​ ​ပြောကြား​သွား​သည်။ အထိန်း​အကွပ်မရှိ ကျိန်ဆဲ​အော်ဟစ်​နေခြင်း​သည် ကျန်း​မာ​ရေး​ဆိုင်ရာ ညွှန်ကိန်း​များ​ကို အဆိုး​ဖက်သို့​ပင် စိုက်ဆင်း​သွား​စေနိုင်​ကြောင်း​ ၎င်းက သတိ​ပေး​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here