တောင်ကိုရီး​ယား​​ဘဏ်အား​ ဆိုင်ဘာ​​ဖောက်ထွင်း​မှု ​မြောက်ကိုရီး​​ယား​နှင့်​ ပတ်သက်​နိုင်ဟုဆို

alt

တောင်ကိုရီးယား ဘဏ်တစ်ခုအား ပြီးခဲ့သည့်လက ဆိုင်ဘာဖောက်ထွင်းမှု ပြုလုပ်ခဲ့သည့် နောက်ကွယ်တွင် မြောက်ကိုရီးယား ရှိနေမည်ဟု တောင်ကိုရီးယား အစိုးရ ရှေ့နေများက ပြောကြားလိုက်သည်။

တောင်ကိုရီးယား၏ နာမည်ကျော် ဘဏ်တစ်ခုဖြစ်သော ငွမ်ရပ်ဘဏ်သည် ဆိုင်ဘာတိုက်ခိုက်မှုများကြောင့် ဖောက်သည်များ ငွေမထုတ်နိုင်ဘဲ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ ယင်းကိစ္စသည် မြောက်ကိုရီးယား Hackerများ၏ လုပ်ရပ်ကြောင့်ဟု ယူဆရကြောင်း ဆိုးမြို့ရှိ ဥပဒေအရာရှိများက ယူဆခဲ့သည်။

ထိုလုပ်ရပ်ကို မြောက်ကိုရီးယား စီမံကိန်းချ ဆောင်ရွက်ခဲ့ခြင်းဟုလည်း ၎င်းတို့က ယုံကြည်လျက်ရှိသည်။ အင်တာနက် IPတစ်ခုကို အသုံးပြုကာ ငွမ်ရပ်ဘဏ်၏ စနစ်ကို ဖောက်ထွင်းခဲ့ပြီး DDoSဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လကလည်း တောင်ကိုရီးယား အစိုးရ ဝက်ဆိုက်အတော်များများကို အလားတူ နည်းပညာဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။

တောင်ကိုရီးယား မီဒီယာများက မြောက်ကိုရီးယားသည် Hackerများကို အင်တာနက် စစ်လက်နက်များသဖွယ် လေ့ကျင့်သင်ကြားပေးပြီး အမေရိကန်နှင့် တောင်ကိုရီးယား ဝက်ဆိုက်များကို ဦးတည်ဖျက်ဆီးရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့ဖူးသည်။ တောင်ကိုရီးယား၏ စွပ်စွဲမှုကို မြောက်ကိုရီးယား တုန့်ပြန်ခြင်း မရှိသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here