သား​သမီး​ ၃ ဦး​ကို သတ်ပစ်ခဲ့​သည့်​ ဗြိတိန်​အမျိုး​သမီး​အား​ ​ထောင်ဒဏ် ၁၆ နှစ်ချမှတ်

alt

ဗြိတိန်နိုင်ငံမှ အမျိုး​သမီး​ တစ်ဦး​သည် သူမ၏က​လေး​ ၃ ဦး​ကို သတ်ပစ်ခဲ့​ခြင်း​အတွက် ​ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခြင်း​ ခံလိုက်ရ​ကြောင်း​ သိရသည်။

အသက် ၄၇ နှစ်ရှိ သီ​ရေဆာ ရီဂီသည် ၈ နှစ်အရွယ် အမြွှာများ​ဖြစ်သည့်​ ​အော်စတင်နှင့်​ လုခ်တို့​အပြင် ၅ နှစ်အရွယ် သမီး​လေး​ ဆီလီကာတို့​ကို အီဒင်ဘက်ရှိ ​နေအိမ်တွင်ပင် ဓား​ဖြင့်​ထိုး​ သတ်ခဲ့​ခြင်း​ဖြစ်သည်။

သူမသည် ခင်ပွန်း​ဖြစ်သူနှင့်​ က​လေး​များ​ အုပ်ထိန်း​ခွင့်​အတွက် အငြင်း​ပွား​နေပြီး​နောက် က​လေး​များ​ကို အဆုံး​ရှံုး​ခံရမည် စိုး​ရိမ်​သော​ကြောင့်​ ယခုလို ပြုမူခဲ့​ခြင်း​ဟု ဝန်ခံခဲ့​သည်။ ရဲများ​ ​ရောက်ရှိခဲ့​ချိန်တွင် ​သွေး​အလူး​လူး​ဖြင့်​ ​သေဆုံး​နေ​သော က​လေး​များ​၏ အ​လောင်း​ကိုသာ ​တွေ့​ခဲ့​ရသည်။

ထို့​အပြင် မိမိကိုယ်ကိုယ် အဆုံး​စီရင်ရန် ဓား​ဖြင့်​ထိုး​ထား​ပြီး​ လဲကျ​နေသည့်​ သီ​ရေဆာကိုလည်း​ ပြင်း​ထန်​သော ဒဏ်ရာများ​ဖြင့်​ ​တွေ့​ရှိခဲ့​ရသည်။

ရဲများ​က သူမအား​ ​ဆေး​ရုံတင် ကုသ​ပေး​ပြီး​နောက် လူသတ်မှုဖြင့်​ စွဲချက်တင်ခဲ့​သည်။ သူမသည် အပြစ်ရှိ​ကြောင်း​ ဝန်ခံထွက်ဆိုခဲ့​ပြီး​နောက် သီ​ရေဆာအား​ နှစ်ရှည်​ထောင်ဒဏ် ချမှတ်လိုက်ခြင်း​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here