​ဂျရတ်ပစ်​​ကေး​နှင့်​ အချစ်​ရေး​ ​အ​ခြေအ​နေအား​ ရှာကီရာ​ဖွင့်​ဟဝန်ခံ

alt

Popဂီတစတား​ ရှာကီရာက သူမနှင့်​စပိန်​ဘောလုံး​သမား​ဂျရတ်ပစ်​ကေး​တို့​၏ အချစ်​ရေး​ကို တရား​ဝင် ဖွင့်​ဟဝန်ခံလိုက်ပြီဖြစ်သည်။

ကမ္ဘာ့​ဖလား​ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့​သည့်​ စပိန်လက်​ရွေး​စင် အသင်း​နှင့်​ ဘာစီလိုနာ ကလပ်တို့​၏ အဓိက ​နောက်ခံလူ တစ်ဦး​ဖြစ်​သော ပစ်​ကေး​နှင့်​ သူမတို့​၏ ချစ်ခင်ကြည်နူး​နေ​သော ဓာတ်ပုံများ​ကို ရှာကီရာက Twitterတွင် လွှင့်​တင်ခဲ့​သည်။

အသက် ၃၄ နှစ်ရှိ ရှာကီရာသည် ယခင်က ပစ်​ကေး​နှင့်​ သတင်း​များ​ကို အစဉ်တစိုက် ငြင်း​ဆိုခဲ့​သော်လည်း​ ယခုအခါ သူမထက် ၁၀ နှစ်ငယ်​သော ပစ်​ကေး​နှင့်​ အချစ်​ရေး​ကို အတည်ပြု ဝန်ခံလိုက်ခြင်း​ဖြစ်သည်။

ရှာကီရာသည် သူမနှင့်​ ၁၁ နှစ်လုံး​လုံး​ တွဲ​နေခဲ့​သည့်​ ဥပ​ဒေ ပညာရှင် အန်တိုနီယို ဒီလာရူနှင့်​ ဇာတ်လမ်း​ပြတ်ခဲ့​ပြီး​နောက် ပစ်​ကေး​နှင့်​ ရင်း​နှီး​မှု ကြီး​ထွား​လာခြင်း​ဖြစ်သည်။ ကိုလံဘီယာ အဆို​တော်သည် အာဂျင်တီး​နား​ ဝန်ကြီး​ချုပ်​ဟောင်း​ တစ်ဦး​၏ သား​ဖြစ်​သော အန်တိုနီယိုနှင့်​ ကာလရှည်ကြာ တွဲခဲ့​သော်လည်း​ လက်ထပ်ရန် သတင်း​များ​ကို အစဉ်တစိုက် ငြင်း​ဆိုလာခဲ့​သူဖြစ်သည်။

ရှာကီရာနှင့်​ ပစ်​ကေး​တို့​ နှစ်ဦး​သည် ၂၀၁၀ ​တောင်အာဖရိက ကမ္ဘာ့​ဖလား​၏ ဂုဏ်ပြုသီချင်း​ Waka Waka: This Time for Africaကို အတူတကွ ရိုက်ကူး​စဉ် ပထမဆုံး​ ​တွေ့​ဆုံခဲ့​ခြင်း​ဖြစ်​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here