စီးနင်း​တိုက်​ခိုက်ခံ​ရချိန်တွင် အိုစမာ​ဘင်လာဒင်မှာ လက်နက်​​တစ်စုံတစ်ရာ မကိုင်ထား

alt

အမေရိကန် အထူးတပ်ဖွဲ့မှ ကွန်မန်ဒိုတစ်ဦးက အိုစမာဘင်လာဒင်သည် သေဆုံးချိန်တွင်လက်အတွင်း လက်နက်လုံးဝ မကိုင်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အယ်ကိုင်ဒါ အကြမ်းဖက် ခေါင်းဆောင်ကြီးသည် လက်ထဲတွင် AK-47 ရိုင်ဖယ်တစ်လက်ကို ကိုင်ဆောင်ထားခြင်း၊ သို့မဟုတ် အနီးတွင် ထားရှိခြင်း မရှိပါက မည်သည့်အရာကိုမျှ စိတ်ချယုံကြည်တတ်သူ မဟုတ်ဟု ကျော်ကြားသည်။ သို့သော် မေလ ၁ ရက်နေ့က အမေရိကန်တပ်များ ပါကစ္စတန်တွင် ၀င်ရောက်စီးနင်းခဲ့ရာ ဘင်လာဒင်တွင် လက်နက်မကိုင်ထားကြောင်း တွေ့ရှိခဲ့ရသည်။

အထူးတပ်ဖွဲ့ဝင်များသည် ဘင်လာဒင်၏ အခန်းထဲသို့ အတင်းဝင်ရောက်ကာ ဘင်လာဒင်နှင့် အနီးရှိ အယ်ကိုင်ဒါ အဖွဲ့သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။ CIAထောက်လှမ်းရေးဌာနမှ လီယွန်ပါနက်တာက ဘင်လာဒင် သေဆုံးကြောင်း သတင်းများအား ထပ်မံအတည်ပြုခဲ့ပြီး ဘင်လာဒင့်အလောင်း၏ ဓာတ်ပုံ အနည်းဆုံး ၁ ပုံမျှကို တရားဝင် ထုတ်ဖော်ပြသသွားမည်ဟု ပြောကြားခဲ့သည်။

ဘင်လာဒင်၏ ရုပ်အလောင်းကိုမူ သေဆုံးပြီး ၂၄ နာရီ မပြည့်မီမှာပင် မွတ်ဆလင် ဘာသာရေး ထုံးစံအတိုင်း ပင်လယ်ရေအောက်သို့ နှစ်မြှုပ်သဂြင်္ိုဟ်ခဲ့သည်။ ဘင်လာဒင် သေဆုံးချိန်တွင် လက်နက်မရှိသော်လည်း အမေရိကန် စစ်သားများက ပစ်ခတ်ခဲ့ခြင်းကြောင့် ဘင်လာဒင်အား စီးနင်းတိုက်ခိုက် သတ်ဖြတ်မှုသည် ဥပဒေကြောင်းနှင့် ညီညွတ်မှုရှိမရှိ မေးခွန်းထုတ်မှုများလည်း ပေါ်ပေါက်နေသည်။

အခြားသော သတင်းများအရ ဘင်လာဒင်သည် သေဆုံးခါနီးတွင် အမျိုးသမီး တစ်ဦးအား လူသားဒိုင်းအဖြစ် အကာအကွယ်ယူခဲ့သေးကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here