အမေရိကန်​​အိမ်ဖြူတော်က သမ္မတ​အိုဘား​မား၏ မွေးစားရင်း​​ထုတ်ဖော်ပြသ

alt

အိမ်ဖြူတော်က အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ မွေးစာရင်းကို ထုတ်ဖော်ပြသလိုက်ခြင်းဖြင့် ကာလရှည်ကြာစွာ အငြင်းပွားမှုမှာ ပြီးဆုံးသွားပြီဖြစ်သည်။

ယခင်က သမ္မတ အိုဘားမားမှာ ဟာဝိုင်ယီတွင် မွေးဖွားခဲ့ခြင်း ဟုတ်မဟုတ် အငြင်းပွားမှုများ ရှိနေခဲ့သော်လည်း အိမ်ဖြူတော်က ဧပြီလ ၂၇ ရက်နေ့က pdfဖိုင်ဖြင့် သမ္မတ၏ မွေးစာရင်းကို ကြေညာခဲ့သည်။ အမေရိကန် ဥပဒေအရ နိုင်ငံအတွင်း မွေးဖွားခဲ့ခြင်း မရှိသူ တစ်ဦးသည် သမ္မတ ရာထူးကို ထမ်းဆောင်ခွင့် မရှိသောကြောင့် နိုင်ငံ၏ ၄၄ ဆက်မြောက် သမ္မတနှင့် ပထမဆုံး အာဖရိကဖွား သမ္မတဖြစ်သူ အိုဘားမား၏ မွေးစာရင်းကို စစ်ဆေးရန် တောင်းဆိုသူများ ရှိခဲ့သည်။

သမ္မတသည် ၂၀၀၈ ခုနှစ်က ၎င်း၏ မွေးစာရင်းတစ်ရပ်ကို ပြသခဲ့သော်လည်း ထိုစဥ်က စာရင်းတွင် အားနည်းချက်၊ မပြည့်စုံချက်များ ရှိနေခြင်းကြောင့် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ယင်းအပေါ် ထောက်ပြဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုကိစ္စအတွက် အိမ်ဖြူတော်မှ တာဝန်ရှိသူများသည် ဟာဝိုင်အီ လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများကို အကူအညီတောင်းခံကာ အချက်အလက်များ ပြည့်စုံအောင် ပြန်လည်စီစစ်စေခဲ့ရသည်။ သမ္မတ အိုဘားမားက ပြည့်စုံမှန်ကန်သော မွေးစာရင်းကို ထုတ်ပြန်ကြေညာနိုင်ခဲ့ခြင်းအတွက် ပျော်ရွှင်ပြီး စိတ်လက်ပေါ့ပါးသွားကြောင်း သတင်းထောက်များအား ရယ်မောပြောဆိုခဲ့သည်။

ထို့အပြင် မွေးစာရင်း အချက်အလက်များအတွက် တိကျစွာ ပြန်လည်ရှာဖွေနိုင်ရန် ပူးပေါင်းကူညီပေးခဲ့သူ အားလုံးကိုလည်း မိမိအနေနှင့် ကျေးဇူးတင်ပါကြောင်း အိုဘားမားက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here