​မွေး​ဖွား​​လာမည့်​ သမီး​ဖြစ်​သူအား​ ဆန်တာ​ဘက်ခမ်း​ဟု ဗစ်တိုး​​ရီး​ယား​က အမည်​ပေး​လို

 

alt

ဗစ်တိုး​ရီး​ယား​ ဘက်ခမ်း​သည် သူမ​မွေး​ဖွား​လာမည့်​ သမီး​လေး​အား​ ဆန်တာဘက်ခမ်း​ဟု အမည်​ပေး​ရန် ဆန္ဒရှိ​နေ​ကြောင်း​ သိရသည်။ အ​မေရိကန်နိုင်ငံ၊​ ​လော့​စ်အိန်ဂျယ်လိစ်တွင် ​နေထိုင်​သော ဗြိတိန်ဖက်ရှင် ဒီဇိုင်နာသည် ဆန်တာ​မော်နီကာကို အစွဲပြုပြီး​ ဆန်တာဟူ​သော အမည်ကို ​မွေး​ဖွား​လာမည့်​ သမီး​လေး​အတွက် ကြိုတင်စဉ်း​စား​နေခြင်း​ဟုဆိုသည်။

ဗစ်တိုး​ရီး​ယား​သည် ခင်ပွန်း​သည် အင်္ဂလန် ​ဘောလုံး​သမား​ ​ဒေး​ဗစ်ဘက်ခမ်း​နှင့်​ စတုတ္ထ​မြောက် ကိုယ်ဝန်ကို ​ဆောင်ထား​ပြီး​ ယခုကိုယ်ဝန်မှာ သမီး​လေး​ဖြစ်​ကြောင်း​ အတည်ပြုထား​သည်။ ဘက်ခမ်း​မိသား​စုနှင့်​ နီး​စပ်သူများ​က ​ဒေး​ဗစ်သည် အင်္ဂလိပ်ရိုး​ရာ နာမည်များ​ကိုသာ ပိုမိုနှစ်သက်​ကြောင်း​၊​ သို့​သော်လည်း​ သမီး​လေး​ကိုမူ ဗစ်တိုး​ရီး​ယား​ ဆန္ဒအတိုင်း​ နာမည်မှည့်​ခွင့်​ပေး​ဖွယ် ရှိ​နေ​ကြောင်း​ The Sunသတင်း​စာသို့​ ​ပြောကြား​သွား​သည်။

ယခင်က ဘက်ခမ်း​၏ သား​တစ်ဦး​ဖြစ်သူ ရိုမီယိုက ၎င်းနှစ်သက်သည့်​ လူငယ်အဆို​တော် ဂျက်စတင်ဘီဘာ၏ အမည်ကို အစွဲပြုပြီး​ ညီမငယ်​လေး​အား​ ဂျက်စတင်ဟူသည့်​ ​ယောက်ျား​လေး​အမည်​ပေး​ရန် ​တောင်း​ဆိုခဲ့​သည်ဟု သတင်း​ထွက်ခဲ့​သော်လည်း​ ဗစ်တိုး​ရီး​ယား​က ယင်း​ကို Twitterမှတဆင့်​ ငြင်း​ချက်ထုတ်သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here