မြင်း​နှင့်​​လိင်ဆက်ဆံ​သဖြင့်​ ​ထောင်ဒဏ်​​ချမှတ်ခံရသည့်​ အ​မေရိကန်​​အမျိုး​သား​ ပြန်လည်​​လွှတ်​မြောက်လာ

alt

မြင်း​နှင့်​ လိင်ဆက်ဆံခဲ့​သဖြင့်​ ​ထောင်ဒဏ်ချမှတ်ခံရ​သော အ​မေရိကန် အမျိုး​သား​ တစ်ဦး​သည် ယခုအခါ ​ထောင်မှ ပြန်လွတ်လာပြီဖြစ်သည်။ အသက် ၅၁ နှစ်အရွယ်ရှိ ​ရော့​ဝဲဗာရင်း​အား​ မတ်လ ၁ ရက်​နေ့​က ​ထောင်မှ လွှတ်​ပေး​လိုက်ပြီဖြစ်​ကြောင်း​ အာဏာပိုင်များ​က မတ်လ ၂၁ ရက်​နေ့​တွင် အတည်ပြုခဲ့​သည်။မြင်း​နှင့်​ လိင်ဆက်ဆံခဲ့​ခြင်း​အတွက် ဗာရင်း​သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလက ဆိုင်း​ငံ့​ပြစ်ဒဏ် ၃ နှစ်အပါအဝင် ​ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရပြီး​ ယခုအခါ ၁၆ လကြာ ပြစ်ဒဏ်အပြီး​ ပြန်လည်လွတ်​မြောက်လာခဲ့​သည်။

၂၀၀၇ ခုနှစ် ​နှောင်း​ပိုင်း​က ဗာရင်း​သည် မြင်း​ဇောင်း​အတွင်း​သို့​ တိတ်တဆိတ် ဝင်​ရောက်သွား​သည်ကို

မြင်း​ဇောင်း​ပိုင်ရှင် အမျိုး​သမီး​က ​ခြေရာခံ ​တွေ့​ရှိပြီး​နောက် လိုက်လံ​ချောင်း​မြောင်း​ရာမှာ မဖွယ်မရာ ကိစ္စကို ​တွေ့​မြင်ခဲ့​ပြီး​နောက် ၎င်းကို ​သေနတ်နှင့်​ထောက်ကာ ဖမ်း​ဆီး​ခဲ့​ခြင်း​ဟု သိရသည်။

​တောင်ပိုင်း​ ကာရိုး​လိုင်း​နား​တွင် ​နေထိုင်​သော ဗာရင်း​အား​ လွှတ်​ပေး​လိုက်ပါက သူမ၏ မြင်း​များ​ကို ​နောက်တစ်ကြိမ် မ​တော်မ​ရော် ပြုလုပ်မည်ကို စိုး​ရိမ်မည်ကို စိုး​ရိမ်ပြီး​နောက် အမျိုး​သမီး​က ရဲများ​ထံ အသိ​ပေး​ တိုင်ကြား​ခဲ့​ခြင်း​ဖြစ်သည်။

ယခုအခါ ဗာရင်း​သည် ​ထောင်မှ ပြန်လည်လွတ်​မြောက်ခဲ့​ပြီ ဖြစ်သည့်​တိုင် ရဲဌာနတွင် လိင်နှင့်​ပတ်သက်၍ အန္တရာယ်​ပေး​နိုင်သူအဖြစ် ဆက်လက်မှတ်ပုံတင်ခြင်း​ ခံထား​ရဆဲဟု သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here