မ​လေး​ရှား​ ရေဒီယိုဌာန​အချို့​ ​လေဒီဂါဂါ​သီချင်း​များ​ ထုတ်လွှင့်​​ခြင်း​မပြု

alt

မ​လေး​ရှား​တွင် ​လေဒီဂါဂါ၏ သီချင်း​များ​ ထုတ်လွှင့်​ရန် ကိစ္စအတွက် အချို့​ရေဒီယို ဌာနများ​က ငြင်း​ဆန်ခဲ့​ကြောင်း​ သိရသည်။

Born This Wayတွင် Gayများ​အ​ကြောင်း​ စာသား​များ​ ပါဝင်​နေခြင်း​ကြောင့်​ ​ဒေသခံ အသံလွှင့်​ရုံများ​က အရှုပ်အ​ထွေး​ ဖြစ်လာမည်ကို စိုး​ရိမ်​နေကြသည်။ မ​လေး​ရှား​တွင် ဂါဂါ၏ Born This Wayမှာ ​အောင်မြင်မှုများ​ ရရှိ​နေ​သော်လည်း​ ယင်း​အ​ပေါ် အဆိုး​မြင် တုန့်​ပြန်မှုများ​ ရှိ​နေသည်။

ထို့​အပြင် အစိုး​ရကလည်း​ လူသား​ချင်း​ ထိခိုက်နစ်နာသွား​စေ​လောက်​သော စာသား​များ​ကို ဆင်ဆာလုပ် တား​မြစ်ရန် မူဝါဒ ချမှတ်ထား​ခြင်း​ကြောင့်​ Gay၊​ Bi၊​ Lesbianစ​သော စာသား​များ​အတွက် အခက်ကြံု​နေရရသည်။ အချို့​သော ​ရေဒီယို ဌာနများ​ကလည်း​ ယင်း​စာသား​များ​ ပါဝင်သည့်​ သီချင်း​ပိုဒ် ​နေရာတွင် အခြား​သံစဉ်ဖြင့်​ အစား​ထိုး​ခြင်း​၊​ ဖြတ်​တောက်စီစစ်ခြင်း​များ​ ပြုလုပ်ရန် စဉ်း​စား​နေကြသည်။

မ​လေး​ရှား​၏ အနုပညာ အမြင်ခွဲခြား​မှု တိုက်ဖျက်​ရေး​ လှုပ်ရှား​မှုတွင် ပါဝင်သူ တစ်ဦး​ဖြစ်​သော ပန်ခီတိုက်က ဂါဂါ၏ စာသား​များ​သည် အနုပညာ ခံစား​ချက်တစ်ခုသာဖြစ်ပြီး​ ယင်း​ကို ပယ်ဖျက်ရန် စဉ်း​စား​နေ​သော အသံလွှင့်​ ဌာနများ​အား​ ​ဝေဖန်​ပြောဆိုသွား​သည်။

ဂါဂါသည် Gayအခွင့်​အ​ရေး​ လှုပ်ရှား​မှုတွင် အလွန်တက်ကြွစွာ ပါဝင်​လေ့​ရှိသည့်​ Celebrity တစ်ဦး​ဖြစ်ပြီး​ သူမ၏ စာသား​များ​တွင် လိင်တူချင်း​ ချစ်ခင်သည့်​ သ​ဘောမျိုး​ စာသား​များ​ ပါဝင်​နေရာ ဘာသာ​ရေး​ဆိုင်ရာ အမြင်ကွဲမှုများ​ ဖြစ်လာနိုင်သဖြင့်​ အသံလွှင့်​ ဌာနများ​က ယင်း​ကို တား​ဆီး​ခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here