ညစ်ညမ်း​​ဝက်ဆိုက်များ​​အတွက် .xxx ဒိုမိန်း​​ရရှိ

alt

အင်တာနက် အမည်သတ်မှတ်မှု အတည်ပြု​ရေး​ ​ကော်ပို​ရေး​ရှင်း​ (ICANN)က ညစ်ညမ်း​ဝက်ဆိုက်များ​အတွက် သီး​သန့်​ Domainသတ်မှတ်ချက်အဖြစ် .xxxကို အတည်ပြု​ပေး​လိုက်ပြီဟု သိရသည်။ ထို့​ကြောင့်​ ဆယ်စုနှစ် တစ်ခုစာ အငြင်း​ပွား​နေသည့်​ အမည်သီး​သန့်​ သတ်မှတ်​ရေး​ ကြိုး​ပမ်း​မှုမှာ ​အောင်မြင်ခဲ့​ပြီဖြစ်သည်။ ထို့​ကြောင့်​ လိင်အသား​ပေး​ ဝက်ဆိုက်များ​၊​ ညစ်ညမ်း​ဝက်ဆိုက်များ​သည် အခြား​သော .com၊​ .netများ​နှင့်​ အ​ရော​ရော အ​ နှော​နှော တည်ရှိ​နေ​တော့​မည် မဟုတ်​ချေ။

သို့​သော်လည်း​ ဘာသာ​ရေး​ အ​လေး​ထား​သူများ​က ယခုကဲ့​သို့​ .xxx​ ပြောင်း​လဲလိုက်ခြင်း​ဖြင့်​ လူငယ်များ​၊​ လူကြီး​များ​အ​နေနှင့်​ ယင်း​ဝက်ဆိုက်များ​ကို အလွယ်တကူ ရှာ​ ဖွေနိုင်မည်ဖြစ်​ကြောင်း​ ကန့်​ကွက်ခဲ့​ကြသည်။

အပြာရုပ်ရှင်များ​ ရိုက်ကူး​ထုတ်လုပ်​နေသည့်​ Free Speech Coalitionမှ အမှု​ဆောင် ဒါရိုက်တာ ဒိုင်နီဂျုက ICANN၏ သတ်မှတ်ချက်သည် လိင်​ဖျော်​ဖြေ​ရေး​ ဝန်​ဆောင်မှုများ​ကို ဆန့်​ကျင်ဖိနှိပ်ခဲ့​ခြင်း​ဖြစ်ပြီး​ အင်တာနက်​ပေါ်တွင် လွတ်လပ်ပွင့်​လင်း​စွာ အမြင်​ဖော်ပြခွင့်​ကို ပိတ်ပင်ရာလည်း​ ရောက်​ကြောင်း​ ​ဝေဖန်တိုက်ခိုက်ခဲ့​သည်။

.xxxသတ်မှတ်မှုကို ​ထောက်ခံသူများ​ကမူ ယခုသတ်မှတ်ချက်​ကြောင့်​ အင်တာနက်​ပေါ်တွင် ညစ်ညမ်း​ဝက်ဆိုက်များ​ ထူထပ်များ​ပြား​လာခြင်း​ကို အထိုက်အ​လျောက် အကန့်​အသတ် ဖြစ်လာ​စေရန် ​မျှော်လင့်​ကြောင်း​ ​ပြောကြား​ခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here