အသက် ၁၀ နှစ်အရွယ် ​ယောကျာ်​လေး​အား​ မိန်း​က​လေး​ဘဝသို့​ပြောင်း​လဲခွင့်​ပြုရန် အမိန့်​ချ

alt

ဩစ​တြေး​လျနိုင်ငံမှ တရား​ရုံး​ တစ်ခုသည် အသက် ၁၀ နှစ်သာ ရှိ​သေး​သော ​ယောက်ျား​လေး​ တစ်ဦး​ကို ယင်း​၏ ဆန္ဒအတိုင်း​ မိန်း​က​လေး​ဘဝသို့​​ပြောင်း​လဲနိုင်ရန် ခွဲစိတ်မှုခံယူခွင့်​ရှိ​ကြောင်း​ဆုံး​ဖြတ်​ပေး​လိုက်သည်။ ​ဂျေမီဟုသာ အမည်​ဖော်ပြ​သော က​လေး​ငယ်သည် လွန်ခဲ့​သော ၂ နှစ်ကတည်း​က မိန်း​က​လေး​ အဝတ်အထည်များ​ကို ဝတ်ဆင်သလို ​ကျောင်း​တွင်လည်း​ မိန်း​က​လေး​ အိမ်သာကိုပင် အသုံး​ပြု​နေသူဖြစ်သည်။တရား​သူကြီး​က ​ဂျေမီ၏ အနာဂတ်တွင် လှပ​ချော​မော​သော မိန်း​က​လေး​ တစ်ဦး​အဖြစ် ရှင်သန်နိုင်​စေရန် ဆုမွန်​ကောင်း​တောင်း​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ​

ဂျေမီ၏ မိဘများ​က သား​ဖြစ်သူ လူပျို​ပေါ် ဝင်ချိန်တွင် ၎င်း၏ဆန္ဒနှင့်​ ဆန့်​ကျင်ဖက် ဖြစ်​နေ​သော အ​ခြေအ​နေများ​ကြောင့်​ စိတ်ဒုက္ခ​ရောက်ပြီး​ မိမိကိုယ်ကိုယ် ​သေ​ကြောင်း​ကြံမည်ကို စိုး​ရိမ်သဖြင့်​ အသက်အရွယ် ငယ်စဉ်ကပင် ဆန္ဒအတိုင်း​ လိင်​ပြောင်း​လဲ ခွဲစိတ်မှု ခံယူခွင့်​အတွက် ​လျှောက်ထား​ပေး​ခဲ့​ခြင်း​ဖြစ်သည်။

တရား​သူကြီး​ လင်ဒါဒက်ဆာက ယင်း​ကို တရား​ဝင် ခွင့်​ပြုလိုက်ခြင်း​ကြောင့်​ ​ဂျေမီသည် နိုင်ငံသမိုင်း​တွင် အသက်အငယ်ဆုံး​ လိင်​ပြောင်း​လဲ ခွဲစိတ်မှု ခံယူခွင့်​ရှိသူ ဖြစ်လာခဲ့​သည်။ ​ဂျေမီ၏ မိခင်ဖြစ်သူက ​ဂျေမီသည် ​ကျောင်း​တွင် ​ယောက်ျား​လေး​ တစ်ဦး​အဖြစ် တက်​ရောက်​နေရခြင်း​မှာ အလွန်ပင်ပန်း​ခက်ခဲ​ကြောင်း​ ထုတ်​ဖော်ဝန်ခံခဲ့​ပြီး​ ယင်း​သည် ဟန်​ဆောင်​နေရသကဲ့​သို့​ ဖြစ်​နေ​ကြောင်း​ ​ပြောဆိုခဲ့​သည်ဟု ရှင်း​ပြသွား​သည်။

​ဂျေမီတွင် အမြွှာအစ်ကို တစ်ဦး​ရှိပြီး​ ၎င်းသည်လည်း​ မိသား​စုနှင့်​အတူ ၂၀၀၈ ခုနှစ်ကတည်း​က ​ဂျေမီကို မိန်း​က​လေး​တစ်ဦး​အဖြစ်သာ သ​ဘောထား​ ဆက်ဆံခဲ့​သလို သူငယ်ချင်း​များ​အား​လည်း​ မိမိတွင် အမြွှာညီမတစ်ဦး​ ရှိ​ကြောင်း​သာ ​ပြောဆို​လေ့​ရှိ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here