မြန်မာ​အရပ်သား​​အစိုး​ရ​ကူး​ပြောင်း​ရေး တရုတ်​ကူညီမည်​ဟုဆို

alt

တရုတ်နိုင်ငံက အိမ်နီး​ချင်း​ မြန်မာနိုင်ငံ၏ အရပ်သား​အစိုး​ရအဖြစ် ကူး​ပြောင်း​မှုကို အကူအညီ ​ပေး​သွား​မည်ဟု ​ကြေညာလိုက်သည်။

 ယခင်ဝန်ကြီး​ချုပ်​ဟောင်း​ ဦး​သိန်း​စိန် သမ္မတအဖြစ် တာဝန်ယူထား​သော အရပ်သား​ အစိုး​ရသစ်ကို မိမိတို့​ အား​ပေး​ကူညီသွား​မည်ဟု တရုတ်၏ ထိပ်တန်း​မူဝါဒ​ရေး​ရာ အကြံ​ပေး​အရာရှိ ဂျီကွင်လင်း​က ဦး​သိန်း​စိန်နှင့်​ ​တွေ့​ဆုံစဉ် ကတိပြုခဲ့​ကြောင်း​ Xinhuaသတင်း​ဌာနက ​ဖော်ပြခဲ့​သည်။ ဂျီက ၎င်းတို့​၏ အစိုး​ရသည် ယခင်ကတည်း​က ဆက်ဆံ​ရေး​ ​ကောင်း​မွန်ခဲ့​သည့်​ မြန်မာအစိုး​ရနှင့်​ ရင်း​နှီး​စွာ ဆက်ဆံသွား​မည်ဟုဆိုသည်။

ဂျီသည် ဧပြီလဆန်း​က မြန်မာနိုင်ငံ၏ အစိုး​ရပိုင်း​ အ​ပြောင်း​အလဲ တရား​ဝင် ပြုလုပ်ပြီး​နောက်ပိုင်း​ ပထမဆုံး​ လာ​ရောက်လည်ပတ်ခဲ့​သည့်​ နိုင်ငံခြား​ ​ခေါင်း​ဆောင်တစ်ဦး​လည်း​ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်ကတည်း​က စစ်တပ်၏ ပုံသွင်း​အုပ်ချုပ်မှု​အောက် ကျ​ရောက်ခဲ့​ပြီး​နောက် ယခုအခါ ​ပြောင်း​လဲဖွဲ့​စည်း​ကြောင်း​ ​ကြေညာသည့်​ အရပ်သား​ အစိုး​ရမှာလည်း​ ယခင်စစ်အစိုး​ရ လက်ထက် ဝန်ကြီး​ချုပ်ဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဦး​သိန်း​စိန်က ဦး​ဆောင်​နေခြင်း​ပင်ဖြစ်သည်။

တရုတ်သည် ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ ဦး​ဆောင်သည့်​ ယခင်စစ်အစိုး​ရ လက်ထက်ကတည်း​က မြန်မာနိုင်ငံ၏ အ​ရေး​အပါဆုံး​ စစ်မဟာမိတ်အဖြစ် ရပ်တည်ခဲ့​ခြင်း​ဖြစ်သည်။ ​လေ့​လာသူများ​က မြန်မာအစိုး​ရသစ်သည် အရပ်သား​အစိုး​ရအဖြစ် ဖွဲ့​စည်း​ထား​သော်လည်း​ ယခင်စစ်အစိုး​ရ ​ခေါင်း​ဆောင်ပိုင်း​ကသာ အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရန် ရည်ရွယ်ထား​ခြင်း​ဖြစ်​ကြောင်း​ ​ဝေဖန်ခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here