ဗြိတိန်​နိုင်ငံ ပလက်​​ဖောင်း​ပေါ် လူအများ​​​မြင်ကွင်း​တွင် မုဒိမ်း​​​ကျင့်​မှုဖြစ်ပွား

alt

ကြမ်း​တမ်း​သန်မာ​သော လူ့​ဘီလူး​ကြီး​ တစ်ဦး​သည် အပျိုစင် တစ်ဦး​အား​ လူအများ​ရှေ့​တွင်ပင် မုဒိမ်း​ကျင့်​ခဲ့​ကြောင်း​ သိရသည်။

ကိုယ်အ​လေး​ချိန် ၉၅ ကီလိုဂရမ်ရှိသည့်​ ဗြိတိန်သား​ ဂယ်ရီဂန်း​စတုန်း​သည် ဒီဗွန်​မြောက်ပိုင်း​ လမ်း​တစ်ခုတွင် သန်း​ခေါင်ယံအချိန် အိမ်ပြန်လာ​သော အမျိုး​သမီး​ တစ်ဦး​အား​ မုဒိမ်း​ကျင့်​ခဲ့​ခြင်း​ဖြစ်သည်။ ထိုအချိန်တွင် ကား​များ​မှာ ယင်း​တို့​၏ ​ဘေး​တွင်ပင် ဖြတ်သန်း​သွား​လာ​နေသည်။ စတုန်း​က သူမအား​ ဓား​ထောက်ပြီး​ ပလက်​ဖောင်း​ပေါ်တွင်ပင် အတင်း​တွန်း​လှဲပြီး​ မုဒိမ်း​ကျင့်​ခဲ့​ခြင်း​ဖြစ်သည်။

အမျိုး​သမီး​သည် ထိုအချိန်က သူမ၏ ချစ်သူထံမှ မိဘများ​ထံ ပြန်လာခြင်း​ဖြစ်သည်။ သူမအ​နေနှင့်​ ခုခံရန် ကြိုး​စား​ခဲ့​သော်လည်း​ အတင်း​အကြပ် ဖိနှိပ်အင်အား​သုံး​နေသည့်​ လူ့​ဘီလူး​ကြီး​အား​ မယှဉ်နိုင်ဘဲ အ​လျှော့​ပေး​ခဲ့​ရသည်။ သူမအား​ စတုန်း​က တရွတ်ဆွဲကာ လူအများ​ အ​ရှေ့​တွင်ပင် စိတ်တိုင်း​ကျ မုဒိမ်း​ကျင့်​ခဲ့​ခြင်း​ဟုဆိုသည်။

ရဲများ​ ​ရောက်လာချိန်တွင် စတုန်း​က အမျိုး​သမီး​မှာ ထို​နေရာတွင်ပင် ၎င်းနှင့်​ လိင်ဆက်ဆံရန် သ​ဘောတူညီခဲ့​ကြောင်း​ လီဆယ်တိုင်ကြား​ခဲ့​သည်။ သို့​သော်လည်း​ ထိုအမှု တရား​ရုံး​ ​ရောက်သွား​ချိန်တွင် တရား​သူကြီး​ ဂျရမီဂရစ်က အသက် ၃၀ အရွယ် အမျိုး​သမီး​သည် ချစ်သူနှင့်​ ၈ နှစ်ကြာ တည်တည်ငြိမ်ငြိမ် တွဲ​နေခဲ့​ပြီး​ လက်မထပ်မီ အပျိုစင်ဘဝကို အဆုံး​ရှံုး​မခံရန် ဆုံး​ဖြတ်ထား​သူ တစ်ဦး​ဟု ​ပြောကြား​ခဲ့​သည်။

ထိုအချိန်က စတုန်း​သည် လိင်အကြမ်း​ဖက်မှု တစ်ခု​ကြောင့်​ ​ထောင်မှလွတ်လာသည်မှာ နှစ်ပတ်မျှသာ ရှိ​သေး​ကြောင်း​လည်း​ သိရသည်။ ယခုပြစ်မှုအတွက် စတုန်း​သည် အနည်း​ဆုံး​ ​ထောင်ဒဏ် ၄ နှစ် ကျခံရဖွယ် ရှိ​နေ​ကြောင်း​လည်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here