မျက်နှာ​ပေါ်မှ မိတ်ကပ်ကို ၂ နှစ်ကြာ​သည့်တိုင် မဖျက်​ပစ်ခဲ့သည့် တောင်ကိုရီးယား​မိန်းကလေး

alt

တောင်ကိုရီးယားနိုင်ငံမှ မိန်းကလေး တစ်ဦးသည် ၂ နှစ်လုံးလုံးကြာအောင် မျက်နှာပေါ်မှ မိတ်ကပ်များကို မဖျက်ခဲ့ဟု သိရသည်။ သူမက အချိန်တိုင်းတွင် ကြည့်ကောင်းနေလိုသောကြောင့် အိပ်ချိန်တွင်ပင် မိတ်ကပ်ကို မဖျက်ဟု ဘေဒယ်မီကဆိုသည်။ အသက် ၂၀ အရွယ် မိန်းကလေးက သူမသည် အသက် ၁၄ နှစ် အရွယ်တွင် မိတ်ကပ်လိမ်းတတ်လာပြီးနောက် မိတ်ကပ် ခပ်ထူထူကို အမြဲခြယ်သထားကြောင်း ပြောဆိုသွားသည်။

ထို့အပြင် သူမ၏ ဘဝတွင် ကြည့်မှန်က အရေးအပါဆုံးပစ္စည်း ဖြစ်လာကြောင်း ဘေက ဝန်ခံခဲ့သည်။ သူမသည် မကြာခဏ မှန်ကြည့်လေ့ရှိရာ မှန်ကို သွားလေရာ ယူသွားကြောင်း တောင်ကိုရီးယား ရုပ်မြင်သံကြား အစီအစဥ်တစ်ခုတွင် ပြောကြားခဲ့သည်။

ဘေက သူမ၏ သွင်ပြင်အနက် ၁၀ နေရာခန့်ကို စိတ်တိုင်းမကျဘဲ ပလပ်စတစ် ဆာဂျရီနည်းဖြင့် ပြောင်းလဲလိုကြောင်း ပြောဆိုသွားသည်။ ဘေ၏ မိခင်က သမီးဖြစ်သူ၏ လွန်ကျွံသော အကျင့်အတွက် အလှပြုပြင်ပေးသည့် ဆရာဝန် တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

စစ်ဆေးတွေ့ရှိမှုအရ နေ့စဥ် မိတ်ကပ်များ လုံးဝမဖျက်ခြင်းကြောင့် ဘေ၏ အသားအရေသည် ရှိသင့်သည်ထက် နှစ်ဆအိုမင်းနေကြောင်း တွေ့မြင်ခဲ့ရသည်။ ဆရာဝန်၏ အကြံပေး တိုက်တွန်းမှုကြောင့် ဘေသည် ကင်မရာများ ရှေ့တွင်ပင် သူမ၏ မိတ်ကပ်များကို ဖျက်ပစ်လိုက်ရကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here