CD ပြားများကို တီထွင်​ဖန်တီး​ခဲ့သူ ကွယ်လွန်

alt

CDချပ်တို့၏ ဖခင်အဖြစ် ကျော်ကြားသော နိုရီယိုအိုဂါသည် အသက် ၈၁ နှစ်အရွယ်တွင်ကွယ်လွန်သွားရှာပြီဖြစ်သည်။ Sony၏ ဥက္ကဌနှင့် နာယကအဖြစ် ဆောင်ရွက်ခဲ့ပြီး CDပြားများကို ဖန်တီးတီထွင်ခဲ့သော အိုဂါသည် တိုကျိုရှိ ဆေးရုံတစ်ခုတွင် လူကြီးရောဂါဖြင့် အနိစ္စရောက်ခဲ့ခြင်းဖြစ်သည်။ဧပြီလ ၂၃ ရက်နေ့က ကွယ်လွန်သော အိုဂါသည် ဂျပန်နည်းပညာ လုပ်ငန်းကြီး Sonyကို ၁၉၈၂ မှ ၁၉၉၅ ထိ ဦးဆောင်ခဲ့သည်။

လက်ရှိ Sony၏ ဥက္ကဌဖြစ်သူ ဆာဟောင်းဝပ်စထရင်ဂျာက Sonyကို ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေရေး နည်းပညာ ကုမ္ပဏီကြီးတစ်ခုအသွင် ဖြစ်လာစေရန် ဦးဆောင်ခဲ့သည့် အိုဂါကို ဆုံးရှုံးရခြင်းအတွက် ဝမ်းနည်းစကား ပြောကြားခဲ့သည်။

အိုဂါသည် ၁၂ စင်တီမီတာ အချင်းရှိသော CDကို စတင်ကြိုးစား ထုတ်လုပ်ခဲ့သည်။ ယင်း၏ ပထမဆုံး CDသည် ဘီသိုဗင်၏ နဝမသံစုံတီးဝိုင်းလက်ရာကို အသံသွင်းနိုင်ရန် ရ၅ မိနစ်စာ လုံလောက်ခဲ့သည်။ ထို့နောက်ပိုင်းတွင် Sonyသည် ကမ္ဘာ့ပထမဆုံး CD Playerကို ရောင်းချနိုင်ခဲ့သည်။

အိုဂါ၏ ဖန်တီးမှုသည် ယနေ့တိုင် အသုံးဝင်နေဆဲဖြစ်ပြီး CDကို အခြေခံကာ VCDနှင့် DVDအဆင့်များသို့ တက်လှမ်းနိုင်ခဲ့သည်။ အိုဂါသည် ၁၉၈၉ ခုနှစ်တွင် ဟောလီးဝုဒ်မှ ကိုလံဘီယာ ရုပ်ရှင်စတူဒီယိုကို ဝယ်ယူခဲ့မှုတွင် ဦးဆောင်ခဲ့သည်။

ထိုစဥ်က အိုဂါအား ငွေဖြုန်းသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။ အိုဂါသည် Sony၏ PlayStation ဂိမ်းစက်ကို အောင်မြင်မှု ရရှိစေရန် ပထမဆုံး မျိုးစေ့ချ ဦးဆောင်ပေးခဲ့သူလည်းဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here