အမျိုးသား​ဆရာဝန်များ ကျင့်ဝတ်ပိုင်းတွင် အမျိုးသမီး​ဆရာ​ဝန်များ​ထက် လိုက်နာ​မှုအား​နည်း

alt

ဩစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့တွင် ပြုလုပ်သည့် သုတေသန စစ်တမ်းတစ်ခုအရ အမျိုးသား ဆရာဝန်များသည် ကျင့်ဝတ်ပိုင်းတွင် အမျိုးသမီးဆရာဝန် အများစုထက် ၄ ဆမျှ ပိုမိုအားနည်းလေ့ရှိကြောင်း သိရသည်။ ဆရာဝန်များ၏ လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုသည် ကျင့်ဝတ်ကို စနစ်ကျစွာ စောင့်ထိန်းမှုတွင် များစွာသက်ရောက်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ကျင့်ဝတ်နှင့် မညီသော၊ တရားမဝင်သော ကုသမှုများမှ ၂၁ ရာခိုင်နှုန်းကို လေ့လာခဲ့ရာ ယင်းတို့အနက် ၈ ရာခိုင်နှုန်း သေဆုံးပြီး ၉ ရာခိုင်နှုန်းမှ လူနာကို အပြင်းအထန် ထိခိုက်နာကျင်စေခဲ့သည်။

မဲဘုန်း သုတေသန စင်တာမှ ကိတ်အယ်ကင်နှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများက ဩစတြေးလျနှင့် နယူးဇီလန်မှ တရားမဝင်သော ကုသမှု ၄၈၅ ခုကို လေ့လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၉ နှစ်ကြားတွင် ဖြစ်ပျက်ခဲ့သော အခြေအနေများအရ ဩစတြေးလျတွင် နှစ်စဥ် ပျမ်းမျှ ဆရာဝန် ၁၅၀၀ ခန့်မှာ စည်းကမ်းနှင့် ကျင့်ဝတ်ပိုင်း အားနည်းမှုများကြောင့် အရေးယူခံရသည်။

ယင်းကိစ္စများတွင် အမျိုးသား ဆရာဝန်များက ၉၁ ရာခိုင်နှုန်းမျှ ပါ၀င်နေကြောင်း သိရသည်။ ယခုတွေ့ရှိချက်ကို ဩစတြေးလျ ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ယခုကွဲပြားမှုကြောင့် လူနာများအပေါ်တွင် သိသာသော ဆိုးကျိုးသက်ရောက်မှုမျိုး မရှိနိုင်ကြောင်းလည်း မှတ်ချက်ပြု ရေးသားထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here