ဩစတြေးလျ​ဖျော်ဖြေပွဲတွင် ကြက်ဥဖြင့် ပစ်ပေါက်ခံ​ခဲ့ရသည့် ဂျက်စတင်​ဘီဘာ

alt

ဩစတြေးလျနိုင်ငံ ဖျော်ဖြေပွဲတစ်ခုတွင် ဂျက်စတင်ဘီဘာမှ ဥများဖြင့် ပစ်ပေါက်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ဆစ်ဒနီတွင် ဧပြီလ ၂၉ ရက်နေ့က ဖျော်ဖြေစဥ် ၎င်းအား နှစ်သက်အားပေးသူ ပရိသတ် ထောင်နှင့်သောင်းနှင့်ချီက အော်ဟစ်နှုတ်ဆက်နေစဥ် ယခုလို ကြံုရခြင်းဖြစ်သည်။ အသက် ၁၇ နှစ်အရွယ် ကနေဒါ ဂီတစူပါစတားလေးသည် Acer Arena ကွင်းကြီးတွင် သီဆိုဖျော်ဖြေနေစဥ် ကြက်ဥ ၁၄ လုံးဖြင့် ပစ်ပေါက်ခံရခြင်းဖြစ်သည်။ လူအုပ်ကြားထဲမှ ပစ်လိုက်သော အဆိုပါ ဥများအနက် ၂ လုံးသည် ၎င်းနှင့် ၁ မီတာမျှ အကွာတွင် ကျခဲ့ပြီး အချို့မှာ ဘီဘာကိုကျော်သွားခဲ့သည်။

ဘီဘာသည် ထိုအချိန်တွင် ပရိသတ်နှင့် အတန်ငယ်ကွာအောင် နောက်ဆုတ်နေလိုက်ပြီးနောက် တာဝန်ရှိသူများက စင်ကို အလျင်အမြန် သန့်ရှင်းရေး လုပ်ပေးလိုက်ပြီးသည့်အခါ ဆက်လက်ဖျော်ဖြေခဲ့သည်။ ယင်းဖြစ်ရပ်ကို YouTubeတွင် လွှင့်တင်ခဲ့ပြီးနောက် ဘီဘာကို ချစ်ခင်သော ပရိသတ်များက အင်တာနက် ဝက်ဆိုက်များမှတဆင့် ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ခဲ့သည်။ အချို့က ဆစ်ဒနီမှ အဆိုပါ လူရမ်းကားသည် ဘီဘာ ပရိသတ် ၉ သန်းကျော်၏ ရန်သူဖြစ်သွားပြီဟု ရေးသားခဲ့ကြသည်။

အချို့ကလည်း ယင်းဥများသည် ပရိသတ်ထံမှ ထွက်လာခြင်း မဟုတ်ဘဲ စင်အပေါ်ပိုင်းမှ ကျလာခြင်းဖြစ်ရာ ဘီဘာ၏ စတန့်ထွင်မှုတစ်ခုဟု ဝေဖန်နေကြသည်။ ဘီဘာကမူ ယင်းအတွက် မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။ ဘီဘာသည် ကမ္ဘာလှည့် ခရီးစဥ် ဖျော်ဖြေပွဲ အစီအစဥ်အရ ဆစ်ဒနီ ဖျော်ဖြေပွဲအပြီး မေလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် မဲလဘုန်းသို့ သွားရောက်ဖျော်ဖြေမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here