ဝီစမစ်​သားအဖ ဇာတ်ကား​​တစ်ခုတွင် အတူ​တွဲဖက်​သရုပ်ဆောင်မည်

alt

ဝီစမစ်နှင့် သားဖြစ်သူ ဂျေဒင်စမစ်တို့ ဇာတ်ကားတစ်ခုတွင် အတူတွဲ သရုပ်ဆောင်မည်ဟု သိရသည်။

ဒါရိုက်တာ အမ်နိုက်ရှီယာမယ်လန် ရိုက်ကူးမည့် စိတ်ကူးယဥ် သိပ္ပံဇာတ်လမ်း တစ်ခုတွင် သားအဖနှစ်ဦးလုံး ပူးတွဲပါ၀င်မည်ဖြစ်သည်။ ဇာတ်ကားနာမည်ကို မသတ်မှတ်ရသေးသော်လည်း ၂၀၀၆ ခုနှစ်နောက်ပိုင်း ဝီနှင့်ဂျေဒင်တို့ ပထမဆုံးအကြိမ် ဇာတ်ကားတစ်ခုထဲတွင် ပါ၀င်လာမည်ဟု ရှီယာမယ်လန်က ပြောကြားခဲ့သည်။

၎င်းသည် ဇာတ်ကား၏ ပရိုဂျူဆာအဖြစ်လည်း ဝီနှင့်တွဲပြီး တာဝန်ယူထားသည်။ အနာဂတ်ကာလကို စိတ်ကူးယဥ်ထားသော ဇာတ်လမ်းတွင် ဂျေဒင်သည် အာကာသယာဥ် ပျက်ကျရာမှ ထူးခြားသော ဂြိုဟ်တစ်ခုသို့ ရောက်ရှိသွားပုံကို ရိုက်ကူးသွားမည်ဖြစ်သည်။ ဝီကမူ သားဖြစ်သူနှင့် အစေးမကပ်လှသည့် ဖခင်အသွင် သရုပ်ဆောင်မည်ဟု ဆိုသည်။

ဝီနှင့် ယခုအခါ အသက် ၁၂ နှစ် ရှိပြီဖြစ်သော ဂျေဒင်တို့သည် ၂၀၀၆ ခုနှစ်က The Pursuit of Happiness ဇာတ်ကားတွင် အတူတွဲ၍ သရုပ်ဆောင်ခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here