ကမ္ဘာ​ပေါ်တွင် လူစိတ်ဝင်စားမှု​အမြင့်ဆုံး​ဖြစ်လာသည့် ပြင်သစ်​ဂေါက်ကွင်း

alt

ပြင်သစ်နိုင်ငံမှ ဂေါက်ကွင်းငယ်လေး တစ်ခုမှာ ကမ္ဘာပေါ်တွင် လူစိတ်ဝင်စားမှု အမြင့်မားဆုံး ဂေါက်ကွင်းများ စာရင်းတွင် ပါ၀င်လျက်ရှိသည်။ ၆ ကျင်းဖြင့်သာ ဖွဲ့စည်းထားသော်လည်း ယင်းဂေါက်ကွင်းလေးတွင် သတ်မှတ်ထားသည့် စည်းကမ်းက လူအများ၏ အာရုံကို ဆွဲဆောင်လျက်ရှိသည်။ လာဂျန်နီနာတူရစ် ဂေါက်ကွင်းသို့ ၀င်ရောက်လာသူတိုင်းသည် အဝတ်အစားများကို ချွတ်ပစ်ရမည်ဖြစ်သည်။

၁၉၃၃ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော ကွင်းလေးသည့် ဘိုးမြို့နှင့် မနီးမဝေးတွင် တည်ရှိပြီး ကွင်းအတွင်း ၀င်ရောက်သူ မည်သူမဆို အထက်ပါ စည်းကမ်းကို လိုက်နာရမည်ဖြစ်သည်။ စည်းကမ်းအရ လူတိုင်း အဝတ်အစား ချွတ်ပစ်ရမည်ဖြစ်ပြီး ခန္ဓာကိုယ်၏ ပကတိသဘောကို လေးစားသည့်အနေနှင့် ရှက်ကြောက်မနေရပေ။

ကွင်းအတွင်း ဓာတ်ပုံရိုက်ခွင့်နှင့် အရုပ်များ ယူလာခွင့်ကို ပိတ်ပင်ထားပြီး လူအများရှေ့တွင်လည်း မည်သည့် လိင်မှုဆိုင်ရာ အပြုအမူကိုမျှ ခွင့်မပြုချေ။ ထို့အပြင် ကွင်းသို့ ရောက်လာသူတိုင်းသည် အတွင်းသို့ မဝင်မီ ရေချိုးရကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here