ဝိန်းရွန်နီနှင့် ချုပ်ဆို​ထားသော ကြောငြာ​စာချုပ်အား ကိုကာကိုလာ​ရပ်ဆိုင်း

alt

ကိုကာကိုလာ ကုမ္ပဏီက ကမ္ဘာကျော် ဘောလုံးသမား ဝိန်းရူနီနှင့် ချုပ်ဆိုထားသော ကြော်ငြာစာချုပ်ကို ရပ်ဆိုင်းတော့မည်ဟု အတည်ပြု ပြောကြားလိုက်သည်။ မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် အင်္ဂလန် လက်ရွေးစင်အသင်း၏ တိုက်စစ်မှူးသည် ကိုကာကိုလာနှင့် နှစ်စဥ် ပေါင်စတာလင် ခြောက်သိန်းတန် စပွန်စာ စာချုပ်ကို ချုပ်ဆိုထားပြီး Coke Zeroအချိုရည်အတွက် ကြော်ငြာပေးရန် သဘောတူညီထားခဲ့သည်။ 

သို့သော်လည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ကိုယ်ဝန်ဆောင် ဇနီးသည် ကွယ်ရာတွင် ပြည့်တန်ဆာ တစ်ဦးနှင့် ဖောက်ပြန်ခဲ့ပြီးနောက် လူမှုရေး ဖောက်ပြန်သူအဖြစ် ရူနီတစ်ယောက် ဝေဖန်မှုများ ခံနေရကတည်းက ကိုကာကိုလာက ရူနီနှင့် ဆက်လက်တွဲရေးကို စဥ်းစားနေခြင်းဖြစ်သည်။

ကိုကာကိုလာက မိမိတို့နှင့် ရူနီကြား ချုပ်ဆိုထားသည့် စာချုပ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီး ဖြစ်သော်လည်း တစ်နှစ်ဆက် သက်တမ်းတိုးကာ ယခုနှစ်ကုန်တွင်မူ အပြီးသတ် လမ်းခွဲမည်ဟု ပြောကြားခဲ့သည်။ ရူနီနှင့် ကိုကာကိုလာတို့သည် ၂၀၀၇ ခုနှစ်ကတည်းက လက်တွဲခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here