American Idol ပြိုင်ပွဲဝင်များ နေထိုင်ခွင့်​ရနေအိမ်တွင် တစ္ဆေခြောက်​ဟုဆို

alt

ကမ္ဘာ့လူကြိုက်အများဆုံး ဖျော်ဖြေရေး အစီအစဥ် တစ်ခုဖြစ်သော American Idol၏ ပြိုင်ပွဲဝင်များ နေထိုင်ခွင့်ရသည့် စံအိမ်ကြီးသည် တစ္ဆေခြောက်သည်ဟု ယူဆရသော အခြေအနေမျိုး ဖြစ်ပေါ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

The Tonight Showတွင် ဂျေးလင်နွန်က အစီအစဥ်အတွင်း ပါ၀င်သူ နှစ်ဦးကို မေးမြန်းခဲ့ရာ ကောလဟာလသဖွယ် ဖြစ်နေသော သတင်းများကို မှန်ကန်ကြောင်း သုံးသပ်သွားသည်။ မိမိတို့သည် အိပ်ခန်းတံခါးများကို လုံခြံုစွာ ပိတ်ထားပြီး အိပ်ရာဝင်ကြောင်း၊ နံနက် ၂ နာရီခွဲတွင် တံခါးများ အလိုအလျောက် ပွင့်သွားသည်ကို မြင်ရကြောင်း၊ လေတိုက်ပြီး ၀င်ရောက်လာသော သစ်ရွက်များ အခန်းထဲထိ ရောက်နေကြောင်း နိုင်မာအဒီဒါပိုက ပြောကြားသွားသည်။

အိပ်နေစဥ် စကားသံများကို ပီပီသသ ကြားရတတ်ကြောင်းလည်း နိုင်မာကဆိုသည်။ သီယာမီဂျီယာ အမည်ရှိ အခြားတစ်ဦးကလည်း မည်သူတစ်ဦးတစ်ယောက်ကမှ ထိကိုင်ထားခြင်း မရှိသော်လည်း သူမ၏ Laptop ကွန်ပျူတာသည် စားပွဲပေါ်မှတဆင့် အခြားသော ပြိုင်ပွဲဝင် တစ်ဦး၏ အိပ်ရာပေါ် ရောက်နေကြောင်း ဝန်ခံခဲ့သည်။ Idolမှ အစီအစဥ် တင်ဆက်သူ တစ်ဦးဖြစ်သော ရိုင်ယန်ဆီးခရက်ကမူ မိမိရှိနေစဥ် အတောအတွင်း သရဲခြောက်သည်ဟု ပြောဆိုသူ မည်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရကြောင်း သတင်းများကို ပြက်ရယ်ပြု တုန့်ပြန်သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here