လူသတ်မှုကျူး​လွန်း​သည့်​ ဩစ​တြေး​လျ သက်ကြီး​ရွယ်အို အမျိုး​သမီး​

alt

ဩစ​တြေး​လျနိုင်ငံမှ အသက် ၉၂ နှစ်အရွယ် အမျိုး​သမီး​ကြီး​ တစ်ဦး​သည် နိုင်ငံ၏ အသက်အကြီး​ဆုံး​ လူသတ်မှုဖြင့်​ စွဲချက်တင်ခံရသူ အမျိုး​သမီး​ ဖြစ်လာ​ကြောင်း​ သိရသည်။

 ကလာရာတန်သည် အသက် ၉၈ နှစ်အရွယ် ခင်ပွန်း​သည်အား​ ဓား​ဖြင့်​ထိုး​သတ်ခဲ့​မှုဖြင့်​ တရား​စွဲဆို ခံ​နေရသည်။ ခင်ပွန်း​သည် တန်ချိုင်ယန်း​အား​ ဓား​ဖြင့်​ထိုး​ခဲ့​ကြောင်း​ စွပ်စွဲခံထား​ရသည့်​ အမျိုး​သမီး​ကြီး​သည် စိတ်ကစဉ့်​ကလျား​ ​ဝေဒနာသည် တစ်ဦး​ဖြစ်​ကြောင်း​လည်း​ သိရသည်။ သူမသည် ခင်ပွန်း​နှင့်​ နှစ်​ပေါင်း​ ရ၀ ကြာ​အောင် ​ပေါင်း​သင်း​နေထိုင်ခဲ့​ပြီး​ဖြစ်သည်။

ဆစ်ဒနီရှိ ဟိုက်ပက်မှ ၆ ထပ် တိုက်ခန်း​အတွင်း​ မတ်လ ၁၂ ရက်​နေ့​က ချိုင်ယန်း​မှာ ဓား​ဒဏ်ရာဖြင့်​ ​သေဆုံး​နေခဲ့​ခြင်း​ဖြစ်သည်။ ကလာရာ၏ ​ရှေ့​နေများ​က ၎င်းတို့​၏ အမှုသည်မှာ စိတ်​ဝေဒနာရှင် တစ်ဦး​ဖြစ်​သော​ကြောင့်​ လူသတ်မှုအတွက် အပြစ်မရှိ​ကြောင်း​ ​လျှောက်လှဲခဲ့​ကြသည်။ ကလာရာက သူမနှင့်​ ခင်ပွန်း​သည်တို့​မှာ ပဋိပက္ခတစ်ခု​ကြောင့်​ စကား​များ​ပြီး​ ဓား​ဖြင့်​ထိုး​ခဲ့​မိ​ကြောင်း​ ဝန်ခံခဲ့​သည်။

ရဲများ​က သူမအား​ ဖမ်း​ဆီး​မိချိန်တွင် ​သွေး​တရွှဲရွှဲ ဖြစ်​နေပြီး​ ချိုင်ယန်း​မှာ ဦး​ခေါင်း​နှင့်​ ဝမ်း​ဗိုက်ရှိ ဓား​ချက်များ​ကြောင့်​ ​သေဆုံး​နေပြီဖြစ်သည်။ ကလာရာက ခင်ပွန်း​သည်က သူမအား​ စကား​ပြောရန် ငြင်း​ဆိုချိန်တွင် ဓား​ဖြင့်​ထိုး​မိ​ကြောင်း​ ရဲများ​ထံ ထွက်ဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here