ခွေးကောင်ရေ ၈ သန်း၏ ရုပ်​ကြွင်းများ အီဂျစ်တွင် တူးဖော်တွေ့ရှိ

alt

အီဂျစ်နိုင်ငံတွင် ခွေးကောင်ရေ ၈ သန်း၏ ရုပ်ကြွင်းများအား တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ မူလက ယင်းတို့ကို ကြောင်များဟု ထင်ခဲ့သော်လည်း တွေ့ရှိသည့် ရုပ်ကြွင်း ၈ သန်းဝန်းကျင်မှာ ခွေးများသာဖြစ်ကြောင်း ပညာရှင်များက အတည်ပြုခဲ့သည်။ Daily Mailက အီဂျစ်မြောက်ပိုင်း ဥမင်တစ်ခုအတွင်း တွေ့ရှိခဲ့သည့် အစုလိုက်အပြံုလိုက် ရုပ်ကြွင်းများမှာ ဗြိတိန်နိုင်ငံ၊ ကားဒစ်တက္ကသိုလ်မှ သုတေသီများ ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အချို့ခွေးများကို မံမီရုပ်အလောင်းများအဖြစ် ကြပ်စည်းဖန်တီးထားကြောင်း သိရသည်။ ခွေးအချို့သည် မွေးကင်းစအရွယ်မှ နာရီအနည်းငယ်အတွင်း မံမီအဖြစ် ကြပ်စည်းခံလိုက်ရခြင်းဟုဆိုသည်။ ယင်းမှာ ရှေးခေတ် အီဂျစ်တို့ ယုံကြည်ကိုးကွယ်သည့် အာနူဘစ်ခေါ် သေခြင်းကို အစိုးရသည့် နတ်ဘုရားအား ပူဇော်သည့် အထိမ်းအမှတ်တစ်မျိုး ဖြစ်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းခဲ့သည်။

ကားဒစ်တက္ကသိုလ်မှ ဒေါက်တာပေါနီကိုလက်က ခွေးများကို ကောင်ရေများစွာ သတ်ဖြတ်ခဲ့ခြင်းသည် ဘာသာရေးအရ ပသပူဇော်မှု တစ်ခုအဖြစ် ယူဆခဲ့ဟန်ရှိကြောင်း ပြောကြားသွားသည်။ ခွေးများစွာ သေဆုံးခဲ့သော အချိန်သည် အီဂျစ်ကို ရောမတို့ အုပ်စိုးနေသည့် ဘီစီ ၃၀ ဝန်းကျင်က ဖြစ်နိုင်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here