ဖူဟမ်အသင်း၏ ဘောလုံးကွင်းတွင်​ မိုက်ကယ်​​ဂျက်ဆင်​ ​ရုပ်တု​​ဂုဏ်ပြု​စိုက်ထူ

alt

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဘောလုံးကွင်း တစ်ခုတွင် မိုက်ကယ်ဂျက်ဆင်၏ ပုံတူရုပ်တုအား ထားရှိလိုက်ပြီဖြစ်သည်။

ဖူဟမ်အသင်း ပိုင်ရှင်ဖြစ်သူ မိုဟာမက် အယ်ဖာရက်သည် ၎င်း၏မိတ်ဆွေ Popဂီတ အဆိုတော် ဂျက်ဆင်၏ ရုပ်တုအား ဂုဏ်ပြုစိုက်ထူခဲ့ခြင်းဖြစ်သည်။ ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာနှင့်အတူ ကွယ်လွန်ခဲ့သည့် ဒိုဒီဖာယက်၏ ဖခင်ဖြစ်သော မိုဟာမက်က ပရိသတ်များက ဂျက်ဆင်၏ ရုပ်တုကို နှစ်သက်ကြကြောင်း၊ အချို့သော ပရိသတ်များကမူ ယင်းလုပ်ရပ်ကို ဝေဖန်ပုတ်ခတ်နေခြင်းအတွက် စိတ်ပျက်မိကြောင်း Skyသို့ ပြောကြားသွားသည်။

၂၀၀၉ ခုနှစ်၊ ဇွန်လက ကန့်သတ်ဆေးဝါး လွန်ကျွံမှုကြောင့် သေဆုံးခဲ့သည့် ဂျက်ဆင်နှင့် မိုဟာမက်တို့မှာ အလွန်ရင်းနှီးသူများ ဖြစ်သောကြောင့် ဖူဟမ်ပိုင် ကရေဗင်ကော့တေ့ ကွင်းအတွင်း ဂျက်ဆင်၏ ရုပ်တုဖြင့် ဂုဏ်ပြုထားရန် မိုဟာမက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုရုပ်တုအား ဧပြီလ ၃ ရက်နေ့ ဖူဟမ်နှင့် ဘလက်ပူးတို့ ယှဥ်ပြိုင်သည့် ပရီးမီးယားလိဂ် ပွဲစဥ်မတိုင်မီ ဖွင့်လှစ်ခဲ့သည်။ မိုဟာမက်သည် ၁၉၉၉ ခုနှစ်ကလည်း ဖူဟမ်၏ ပွဲစဥ်တစ်ခုကို ကြည့်ရှုရန် ဂျက်ဆင်အား ဖိတ်ကြားခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here