ဗီတာမင်ဒီ ချို့တဲ့မှုကြောင့် သွေးလွှတ်ကြောများ မာကျောတောင့်တင်းသွားနိုင်

alt

ဗီတာမင်ဒီ ချို့တဲ့ခြင်းသည် သွေးလွှတ်ကြောများကို မာကျောတောင့်တင်းသွားစေတတ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

အကျိုးဆက်အနေနှင့် သွေးစီးဆင်းမှု၏ သဘာဝအတိုင်း ပြေပြစ်မှုကို အဟန့်အတား ဖြစ်စေပြီး နှလုံးဖောက်ပြန်မှုများ ဖြစ်ပေါ်နိုင်ခြေကို မြင့်တက်လာစေနိုင်သည်။ အမေရိကန်မှ သုတေသီများက ယခုတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အီမိုရီဆေးတက္ကသိုလ်မှ ဒေါက်တာ အစ်ဘဟာ အယ်မိနှင့် ယင်းတက္ကသိုလ်ရှိ နှလုံးသွေးကြော သုတေသန ပညာရေးဌာနမှ ဒေါက်တာအာရှက်ကွီယူမီတို့ ဦးဆောင်သော သုတေသီများက တက္ကသိုလ်မှ ဝန်ထမ်း ၅၅၄ ဦးတို့၏ ကျန်းမာရေး မှတ်တမ်းများကို အခြေခံကာ ယခုသုတေသန ရလဒ်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပညာရှင်များက ပျမ်းမျှ ၂၅ ဟိုက်ဒရို ဗီတာမင်ဒီသည် သွေးတစ် မီလီလီတာတွင် ၃၁.၈ နာနိုဂရမ် ပါ၀င်သင့်ကြောင်း ပြောကြားခဲ့ပြီး ၂၀ နာနိုဂရမ်အောက် နည်းပါးသူများသည် သွေးလွှတ်ကြောများ ပုံမှန်အခြေအနေအတိုင်း အလုပ်မလုပ်သည့် အနေအထားမျိုး ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

ယခုတွေ့ရှိချက်ကို နယူးအော်လန်းတွင် ပြုလုပ်မည့် အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ သုတေသန ဆွေးနွေးပွဲတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here