လေဆာ​​ဖျက်​​နည်း​​​ပညာ စတင်​​​တီထွင်​​​​နေပြီ​​​ဖြစ်

alt

အ​မေရိကန်​နိုင်ငံ၊​ ​ယေး​​တက္ကသိုလ်မှ သု​တေသီများ​သည် ​လေဆာဖျက် နည်း​ပညာ တစ်ခုကို စတင်​တီထွင်​​နေပြီ​ဖြစ်သည်။ ကိရိယာ တစ်ခုသည် ​လေဆာ​ရောင်ခြည်တန်း​များ​ကို စုပ်ယူကာ ​ချေဖျက်နိုင်​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။ BBC သတင်း​ဌာနက အဆိုပါ ကိရိယာသည် ဝင်​ရောက်လာသမျှ ​

လေဆာ​ရောင်ခြည်ကို စုပ်ယူကာ အလင်း​စွမ်း​အင်မှ အပူစွမ်း​အင်အဖြစ်သို့​ ​ပြောင်း​လဲ​ပေး​လိုက်​ကြောင်း​ ​ဖော်ပြခဲ့​သည်။ ထိုနည်း​ပညာသည် စူပါကွန်ပျူတာများ​တွင် အီလက်ထရွန်များ​ထက် အလင်း​ကို အသုံး​များ​သော အ​ခြေအ​နေကို အ​ပြောင်း​အလဲ ဖြစ်​စေမည့်​ မျိုး​ဆက်သစ် နည်း​ပညာ တစ်ခုအတွက် ​ခြေလှမ်း​သစ် ဖြစ်လာမည်ဟု သု​တေသီများ​က ယုံကြည်လျက်ရှိသည်။ ​လေဆာဖျက် ကိရိယာသည် သတ်မှတ်ထား​သော ကြိမ်နှုန်း​ဖြင့်​ ဝင်​ရောက်လာသည့်​ ​လေဆာ​ရောင်ခြည်တန်း​ နှစ်ခုကို ဖမ်း​ယူ​ချေဖျက်ပြီး​နောက် အနီး​ပတ်ဝန်း​ကျင်ကို အပူချိန် မြင့်​တက်​စေခဲ့​ကြောင်း​ ​ယေး​တက္ကသိုလ်မှ ပ​ရော်ဖက်ဆာ ​ဒေါက်ဂလက်စတုန်း​က လက်​တွေ့​ပြသခဲ့​သည်။ ယင်း​ကိရိယာတွင် ​လေဆာဖျက် စွမ်း​အင်ကို ရရှိရန် ဆီလီကွန်ကို အဓိက သုံး​စွဲထား​သည်။ ထိုဆီလီကွန်ကို ယ​နေ့​ခေတ် နည်း​ပညာဖြင့်​ အများ​အပြား​ ထုတ်လုပ်နိုင်မည်ဖြစ်သည်။

သု​တေသီများ​က လက်နက်အဖြစ် သုံး​စွဲထား​သော စွမ်း​အင်မြင့်​ ​လေဆာများ​ကို ဒိုင်း​တစ်ခုသဖွယ် ကာကွယ်နိုင်သည့်​ အဆင့်​မျိုး​မူ မ​ရောက်ရှိ​သေး​ကြောင်း​ စတုန်း​ကဆိုသည်။ အကယ်၍ မိမိတို့​အား​ ​လေဆာလက်နက်ဖြင့်​ မီး​လောင်တိုက် သွင်း​မည်ဆိုပါက ထိုမျှမြင့်​မား​သော ​လေဆာစွမ်း​အင်ကို ​ချေဖျက်နိုင်စွမ်း​ ရှိမည်မဟုတ်ဟု ၎င်းက ရှင်း​ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here