ဆိုမာလီယာ​ပင်လယ်​ဓား​ပြများ​​​အား​ ​ထောင်ဒဏ်​​တစ်​သတ်​ချမှတ်

alt

အ​မေရိကန်နိုင်ငံက ဆိုမာလီယာ ပင်လယ်​ဓား​ပြ ၅ ဦး​အား​ ​ထောင်ဒဏ်​တစ်သက် ချမှတ်လိုက်​ကြောင်း​ သိရှိရသည်။ အ​မေရိကန် ​ရေတပ်သ​င်္ဘော တစ်စင်း​အား​ တိုက်ခိုက်ခဲ့​ပြီး​နောက် အာဖရိက ကမ်း​လွန်တွင် အဖမ်း​ခံရသည့်​ ဆိုမာလီ ပင်လယ်ဓား​ပြ ၅ ဦး​တွင် အပြစ်ရှိ​ကြောင်း​ ထင်ရှား​သဖြင့်​ ​ထောင်ဒဏ်တစ်သက် ချမှတ်​ကြောင်း​ ဗာဂျီး​နီး​ယား​ တရား​ရုံး​တစ်ခုက ​ကြေညာခဲ့​သည်။

မတ်လ ၁၅ ရက်​နေ့​ စီရင်ချက်သည် ကမ္ဘာ​ပေါ်တွင် ဓား​ပြမှုများ​အနက် အပြင်း​ထန်ဆုံး​ ပြစ်ဒဏ်တစ်ခုလည်း​ ဖြစ်လာသည်။ ယင်း​သည် အာဖရိက ကမ်း​လွန်ပင်လယ်တွင် ပင်လယ်ဓား​ပြမှုများ​ တွင်တွင်ကျယ်ကျယ် လုပ်​ဆောင်​နေခြင်း​ကို အ​မေရိကန်က တား​ဆီး​ရန်အတွက် စံပြအ​နေနှင့်​ သတ်မှတ်ခဲ့​သော စီရင်ချက်လည်း​ဖြစ်​ကြောင်း​ သိရသည်။ ယခုဓား​ပြများ​သည် ပြီး​ခဲ့​သည့်​နှစ် နိုဝင်ဘာလ ၂၄ ရက်​နေ့​က ဓား​ပြတိုက်မှုဖြင့်​ စွဲချက်တင်ခြင်း​ ခံခဲ့​ရသည်။ ပင်လယ်ဓား​ပြများ​၏ ​ရှေ့​နေများ​က ၎င်းတို့​၏ အမှုသည်များ​သည် သာမန်တံငါသည်များ​သာဖြစ်ပြီး​ စစ်သ​င်္ဘောကို အမှန်တကယ် ပစ်ခတ်ခဲ့​သည့်​ ပင်လယ်​ဓား​ပြများ​၏ လှည့်​ဖျား​မှု​အောက်တွင် အဖမ်း​ခံရခြင်း​ဖြစ်​ကြောင်း​ ခုခံထွက်ဆို​သော်လည်း​ မ​အောင်မြင်​ချေ။

အ​မေရိကန်သည် ပင်လယ်ဓား​ပြ မှုခင်း​များ​နှင့်​ ပတ်သက်၍ ပြစ်ဒဏ်စီရင်မှုကို ပြင်း​ပြင်း​ထန်ထန် လုပ်​ဆောင်လာပြီး​ ၂၀၀၉ ခုနှစ်က အ​မေရိကန်အလံ လွှင့်​ထူထား​သည့်​ ကုန်တင်သ​င်္ဘော တစ်စင်း​ကို ဓား​ပြတိုက်ခဲ့​သူ ဆိုမာလီယာ နိုင်ငံသား​ တစ်ဦး​ကိုလည်း​ ပြီး​ခဲ့​သည့်​လက ​ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here