၃ နှစ်​အရွယ်​နှင့်​ အရက်​​စွဲ​နေသည့်​ ဗြိတိန်​​​​က​လေး​ငယ်

alt

က​လေး​ငယ်များ​နှင့်​ အရက်​သေစာကို နီး​နီး​​နား​နား​ထား​ခြင်း​မှာ အန္တရာယ်များ​​ကြောင်း​ ဗြိတိန်ရှိ ၃ နှစ်သား​လေး​ တစ်ဦး​က သက်​သေပြ​နေသည်။ ယခုအခါ ယင်း​​က​လေး​သည် အရက်စွဲ​နေ​သော​ကြောင့်​ ​ဆေး​ရုံတင်ထား​ရပြီဖြစ်သည်။ အ​နောက်မစ်လန်း​တွင် ​နေထိုင်သည့်​ ယင်း​က​လေး​ငယ်မှာ ဗြိတိန်တွင် အသက်အငယ်ဆုံး​ အရက်စွဲသူဖြစ်​ကြောင်း​ ဆရာဝန်များ​က The Sun သတင်း​စာသို့​ ​ပြောကြား​ခဲ့​သည်။

နာမည်​ဖော်ပြခြင်း​ မရှိ​သော က​လေး​ငယ်သည် ပြီး​ခဲ့​သည့်​ ၆ လဆက်တိုက် အရက်ကို အလွန်အကျွံ ​သောက်သုံး​ပြီး​နောက် စိတ်ရိုင်း​ဝင်ခြင်း​၊​ စိတ်ဂ​ယောက်ဂက်ဖြစ်ခြင်း​စသည့်​ လက္ခဏာများ​ ပြသ​လာရာ ​ဆေး​ရုံသို့​ တင်ပို့​ခဲ့​ရခြင်း​ဖြစ်သည်။ ယင်း​မှာ ၂၀၀၈ မှ ၂၀၁၀ အတွင်း​ ဗြိတိန်တွင် အရက်စွဲ၍ ​ဆေး​ရုံတင်ရသူ ၁၂ နှစ်​အောက်က​လေး​ ၁၃ ဦး​အနက် အငယ်ဆုံး​ဖြစ်သည်။ ပြီး​ခဲ့​သည့်​လကလည်း​ ဒန်ဒီး​မှ ၈ နှစ်အရွယ် မိန်း​က​လေး​ငယ် တစ်ဦး​သည် ဗြိတိန်၏ အသက်အငယ်ဆုံး​ အရက်စွဲသူအဖြစ် စံချိန်တင်ခဲ့​သေး​ပြီး​ ယခုက​လေး​က စံချိန်​ဟောင်း​ကို ​ကျော်ဖြတ်သွား​ခြင်း​ဖြစ်သည်။

ဒန်ဒီး​တွင် အရက်စွဲမှု​ကြောင့်​ ​ဆေး​ရုံတက် ကုသမှု ခံယူ​နေရသည့်​ အသက် ၁၃ နှစ်မှ ၁၆ နှစ်ကြား​ က​လေး​ငယ် အ​ရေအတွက် ၁၀၆ ဦး​ထိရှိ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here