Slipknot အဖွဲ့​​အတွက် Bass ဂစ်တာ​သမား​​သစ် ရရှိသွား​

alt

နာမည်​ကျော် Metal Rock ဂီတအဖွဲ့​ Slipknot သည် Bass ဂစ်တာသမား​ အသစ်တစ်​ယောက်ကို ရှာ​ဖွေ​တွေ့​ရှိသွား​ပြီဖြစ်သည်။ ပြီး​ခဲ့​သည့်​နှစ် ​မေလက မူး​ယစ်​ဆေး​ဝါး​ အလွန်အကျွံ သုံး​စွဲရာမှ မ​တော်တဆ ​သေဆုံး​သွား​သော ​ပေါဂ​ရေး​နေရာတွင် အစား​ထိုး​ရန် ဒိုနီစတီး​နှင့်​ ပူး​ပေါင်း​လိုက်ပြီဟု Slipknot က ​ကြေညာသည်။

၎င်းသည် ယခင်က ထိုအဖွဲ့​နှင့်​ ဂစ်တာသမား​အဖြစ် ပူး​ပေါင်း​ဖူး​သည်။ Slipknot က အဖွဲ့​၏ ၂၀၁၁ ​ဖျော်​ဖြေပွဲ အစီအစဉ်များ​တွင် Bass သမား​အဖြစ် စတီး​က တာဝန်ယူမည်ဟု ​ရေး​သား​ဖော်ပြခဲ့​သည်။ စတီး​သည် ကွယ်လွန်သူ ​ပေါနှင့်​လည်း​ ရင်း​နှီး​သော မိတ်​ဆွေများ​ဖြစ်ပြီး​ စတီး​ကို ၎င်း​နေရာတွင် ဆက်ခံ​စေခြင်း​အ​ပေါ် ​ပေါသိလျင်လည်း​ ​ပျော်ရွှင်လိမ့်​မည်ဟု ဝက်ဆိုက်တွင် ​ရေး​သား​ထား​သည်။ အသက် ၃၈ နှစ်ရှိ ​ပေါသည် ​မော်ဖင်း​အလွန်အကျွံ သုံး​စွဲခြင်း​ကြောင့်​ ၂၀၁၀ ပြည့်​နှစ်၊​ ​မေလ ၂၄ ရက်​နေ့​က အိုင်ယိုဝါရှိ ဟိုတယ်တစ်ခုတွင် ​သေဆုံး​ခဲ့​သည်။ ဂ​ရေး​သေဆုံး​ချိန်တွင် ကျန်ရှိသူ အဖွဲ့​ဝင် ၉ ဦး​သည် ပထမဆုံး​အကြိမ်အဖြစ် မျက်နှာဖုံး​များ​ ဝတ်ဆင်ခြင်း​ မပြုဘဲ ပရိသတ်​ရှေ့​တွင် ဝမ်း​နည်း​ခြင်း​ အထိမ်း​အမှတ်ကို ပြသခဲ့​သည်။

Slipknot သည် မည်သည့်​အခါတွင်မဆို မျက်နှာကို ရုပ်ဆိုး​ဆိုး​ မျက်နှာဖုံး​များ​ဖြင့်​ ဖုံး​ကွယ်ပြီး​သာ ​ဖျော်​ဖြေ​လေ့​ရှိသည်။ Skipknot သည် ဇွန်လ ၁၇ ရက်​နေ့​တွင် ဂရိသို့​ သွား​ရောက်ပြီး​ ​ဖျော်​ဖြေရန် စီစဉ်ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here