အလွန်း​​​ရှား​ပါး​​သည့်​ သမ္မာ​ကျမ်း​​​စာ​အုပ် ရှာ​ဖွေ​​​တွေ့​ရှိ

alt

ဂျိမ်း​ဘုရင်လက်ထက်က အသုံး​ပြုခဲ့​သည့်​ အလွန်ရှား​ပါး​သော သမ္မာကျမ်း​စာအုပ် အ​ဟောင်း​တစ်ခုကို မ​တော်တဆ ရှာ​ဖွေ​တွေ့​ရှိခဲ့​ကြောင်း​ သိရသည်။

 ဝစ်ရှိုင်း​ယား​ရှိ ဘုရား​ကျောင်း​တစ်ခုမှ နံရံကပ်စင်တစ်ခုတွင် ဖုန်အလိမ်း​လိမ်း​ တက်​နေ​သော အဆိုပါ ကျမ်း​စာကို ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ဘုရား​ကျောင်း​ ​ကောင်စီမှ အဖွဲ့​ဝင် တစ်ဦး​ဖြစ်​သော ​ဂျော့​ပရိုတာက စင်မြင့်​ရှိ မှန်ခန်း​တစ်ခုအတွင်း​ သက်တမ်း​နှစ် ၄၀၀ မျှ ရှိ​သော ကျမ်း​စာကို ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်​ကြောင်း​ ရှင်း​ပြခဲ့​သည်။ အင်္ဂလန်တွင် ဂျိမ်း​ဘုရင် အုပ်ချုပ်စဉ်က ယင်း​ကျမ်း​စာအုပ်မျိုး​ အုပ် ၂၀၀ သာ ထုတ်​ဝေခဲ့​ပြီး​ ၁၆၁၁ ခုနှစ်ထုတ် စာအုပ်များ​အနက် ယခုတစ်အုပ်အပါအဝင် ကမ္ဘာ​ပေါ်တွင် အ​ရေအတွက် အနည်း​ငယ်သာ ရှိ​တော့​သည်ဟု ယူဆရသည်။ ပရိုတာက အင်္ဂလန် ဘုရား​ကျောင်း​တော်၏ အကူအညီဖြင့်​ ရှား​ပါး​လှသည့်​ ကျမ်း​စာအုပ်ကို သု​တေသန ပြုသွား​မည်ဟု ​ပြောကြား​ခဲ့​သည်။

ပရိုတာက သမ္မာကျမ်း​စာအုပ်ပါ အချက်အလက်များ​သည် လူသား​များ​ ရှင်သန်​နေထိုင်မှုအတွက် ​ကောင်းမွန် မှန်ကန်​သော လမ်း​ညွှန်မှုများ​​အဖြစ် ​ပြောကြား​ခဲ့​သည်။ မိမိတို့​သည် ​တွေ့​ရှိခဲ့​သော ကျမ်း​စာအုပ်နှင့်​ ပတ်သက်၍ အချက်အလက်များ​ ခိုင်ခိုင်လုံလုံ ​ဖော်ထုတ်နိုင်ရန် ကြိုး​ပမ်း​မည်ဟုလည်း​ ကတိပြုခဲ့​သည်။ ယခုကျမ်း​စာအုပ်သည် ဘာသာ​ရေး​အရ အ​ရေး​ပါ​သော အ​မွေအနှစ်တစ်ခုအပြင် ကမ္ဘာ့​ရှေး​ဟောင်း​ရတနာ တစ်ခုအဖြစ်ပါ သတ်မှတ်နိုင်မည်ဟု ပရိုတာက မှတ်ချက်ပြု ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here