ဂျပန်​တွင် လက်ရှိ​ကြံု​တွေ့​​နေရမှာ ဒုတိယ​​ကမ္ဘာ​စစ်​​နောက်ပိုင်း​ အဆိုး​ဆုံး​​ဟု ဝန်ကြီး​​ချုပ်​​ပြောကြား​

alt

ဂျပန်ဝန်ကြီး​ချုပ် နာတိုကန်က တိုင်း​ပြည်၏ လက်ရှိကြံု​နေရ​သော အ​ခြေအ​နေများ​သည် ဒုတိယ ကမ္ဘာစစ်​နောက်ပိုင်း​ အဆိုး​ရွား​ဆုံး​ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အင်အား​ပြင်း​ထန်လှ​သော ငလျင်ကြီး​ လှုပ်ခတ်ပြီး​နောက် ဖြစ်​ပေါ်လာသည့်​ ဆူနာမီ​ရေလှိုင်း​ဒဏ်၊​ နျူကလီး​ယား​ အရှုပ်အ​ထွေး​တို့​သည် ဂျပန်အစိုး​ရအတွက် အလွန်ကြီး​မား​သော စိန်​ခေါ်မှုများ​ ဖြစ်လာခဲ့​သည်။

ကန်က ရုပ်မြင်သံကြား​ အင်တာဗျူး​ တစ်ခုတွင် ဂျပန်နိုင်ငံအတွင်း​ ဓာတ်အား​ပြတ်​တောက်မှုများ​ ဖြစ်လာနိုင်​ကြောင်း​ သတိ​ပေး​ခဲ့​သည်။ ငလျင်ဒဏ်​ကြောင့်​ ဖူကူရှီး​မား​ရှိ နျူကလီး​ယား​ ဓာတ်​ပေါင်း​ဖိုတစ်ခုတွင် ​ပေါက်ကွဲမှုများ​ ဖြစ်ခဲ့​ပြီး​ နျူကလီး​ယား​ ယိုစိမ့်​မှုများ​ ဖြစ်​ပေါ်လာနိုင်သည့်​ အန္တရာယ် ရှိ​နေသလို ဂျပန်ရဲတပ်ဖွဲ့​က ဆူနာမီအတွင်း​ ​သေဆုံး​သူ အ​ရေအတွက် တစ်​သောင်း​ကျော်နိုင်​ကြောင်း​ ​ပြောဆိုထား​မှုများ​က ဂျပန်၏ လက်ရှိရင်ဆိုင်​နေရ​သော အကြပ်အတည်း​ကို ထင်ဟပ်​စေသည်။ ​လော​လောဆယ်တွင်မူ လူ​ပေါင်း​ သုံး​သိန်း​ကျော်ကို ဓာတ်​ပေါင်း​ဖိုနှင့်​ ​ဝေး​ရာသို့​ အ​ရေး​ပေါ် ​ရွှေ့​ပြောင်း​ပေး​ထား​ရ​ကြောင်း​ NHK သတင်း​ဌာနက ​ပြောကြား​ခဲ့​သည်။ ဂျပန် အ​နောက်​မြောက်ပိုင်း​ ​ဒေသများ​တွင် ဆူနာမီဒဏ်သင့်​ ပြည်သူများ​အား​ ကယ်ဆယ်​ရေး​ လုပ်ငန်း​များ​ ​ဆောင်ရွက်​ပေး​နေသည့်​ စစ်တပ်နှင့်​ ရဲများ​ကလည်း​ အ​သေအ​ပျောက်မှာ ခန့်​မှန်း​သည်ထက် များ​ပြား​နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ကန်က လွန်ခဲ့​သည့်​ ၆၅ နှစ်က ဆိုး​ရွား​သော အဖြစ်အပျက်များ​ဖြင့်​ ဒုတိယကမ္ဘာစစ်ကို အဆုံး​သတ်ခဲ့​ကြောင်း​၊​ ထိုစဉ်ကာလ​နောက်ပိုင်း​ ဂျပန်၏ အ​ခြေအ​နေသည် လက်ရှိအ​နေအထား​တွင် အဆိုး​ရွား​ဆုံး​ ကြံု​တွေ့​နေရ​ကြောင်း​ မှတ်ချက်ပြုခဲ့​သည်။ ဂျပန်သည် နျူကလီး​ယား​နှင့်​ ပတ်သက်ပြီး​ ယခင်ကတည်း​က ဆိုး​ရွား​သော ဒဏ်ရာဒဏ်ချက်များ​ ရှိခဲ့​ပြီး​ ဒုတိယကမ္ဘာစစ်အတွင်း​ အ​မေရိကန်က ဟီရိုး​ရှီး​မား​နှင့်​ နာဂါစကီ မြို့​များ​ကို နျူကလီး​ယား​ဗုံး​ ကြဲချခဲ့​သော ကိစ္စသည် ယခုအချိန်ထိ သမိုင်း​ဝင် အဖြစ်အပျက်များ​အဖြစ် ကျန်ရှိ​နေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here