စွန်​တစ်ခု​​လွှတ်တင်​ထား​​သည်ကို ပန်း​ကန်​ပြား​​ပျံ​အဖြစ် အမြင်​မှား​​ခဲ့​ကြ

alt

အ​မေရိကန်တွင် ​တွေ့​ရှိခဲ့​သည်ဆို​သော ပန်း​ကန်ပြား​ပျံ တစ်စင်း​မှာ အမှန်အား​ဖြင့်​ လွှတ်တင်ထား​သည့်​ စွန်တစ်ခုသာဖြစ်​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။ မျက်မြင်များ​စွာက ဝက်အူ​ချောင်း​ပုံရှိပြီး​ အ​ရောင်များ​ ​တောက်​နေ​သော ပန်း​ကန်ပြား​ပျံ တစ်စင်း​သည် ပြီး​ခဲ့​သည့်​လက ကိုလံဘီယာမြစ်​ပေါ်တွင် ပျံသန်း​နေခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​ကြသည်။

သို့​သော်လည်း​ ဝါရှင်တန်ပြည်နယ်ရှိ ဗန်ကူး​ဗား​တွင် ​တွေ့​ရှိခဲ့​ရသည့်​ ယင်း​ပန်း​ကန်ပြား​ပျံမှာ မီး​အလင်း​ရောင်များ​ဖြင့်​ အလှဆင်ထား​သည့်​ တရုတ်လုပ် စွန်တစ်ခုသာဖြစ်​ကြောင်း​ သိရသည်။ ရ ​ပေခွဲ အမြင့်​ရှိပြီး​ ၁၃ ​ပေ ကျယ်​သော စွန်ကြီး​အား​ ၎င်းလွှတ်တင်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ မိုက်ဟုသာ အမည်​ဖော်ပြသူတစ်ဦး​က သတင်း​ထောက်များ​က ​ပြောကြား​ခဲ့​သည်။ ထိုစွန်ကြီး​တွင် ​ပေါ့​ပါး​ပြီး​ ​ရောင်စုံ​တောက်ပ​နေသည့်​ LED မီး​လုံး​ ရာဂဏန်း​မျှကို တပ်ဆင်ခဲ့​ပြီး​ ယင်း​မီး​လုံး​များ​သည် ၄ မိနစ်လျင် တစ်ကြိမ် အ​ရောင်​ပြောင်း​ကာ လင်း​နေခဲ့​ကြောင်း​ ရှင်း​ပြခဲ့​သည်။ မိုက်သည် ထိုစွန်ကြီး​ကို ဝယ်ယူပြီး​နောက် ​ဒေါ်လာ ၅၀၀ မျှအကုန်အကျခံကာ အလှဆင် မွမ်း​မံခဲ့​သည်။ ၎င်းက စွန်ကြီး​ကို လွှတ်တင်စဉ် ဗန်ကူး​ဗား​ ​လေ​ကြောင်း​အုပ်ချုပ်မှုဌာနနှင့်​ ရဲတပ်ဖွဲ့​တို့​ကိုလည်း​ ​ဆွေး​နွေး​ခဲ့​ပြီး​ ​ပေ ၅၀၀ ​အောက် အနိမ့်​တွင်သာ လွှတ်တင်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ရှင်း​ပြခဲ့​သည်။

ထိုစွန်ကြီး​သည် အလွန်လှပ​ကြောင်း​၊​ လူအများ​က ယင်း​ကို ပန်း​ကန်ပြား​ပျံအဖြစ် ယုံကြည်​နေသည်ကို သိရှိရသည့်​အခါ အံ့​ဩမိ​ကြောင်း​ မိုက်က ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here