ဂျပန်​နျူကလီး​ယား​​စက်ရုံမှ ​ရေဒီယို​သတ္တု​ကြွမှု ​လေနှင့်​​အတူ​ပျံ့​နှံ့​နိုင်မှု ကမ္ဘာ့​​နိုင်ငံများ​​ကို​ခြိမ်း​ခြောက်

alt

ဂျပန်နိုင်ငံရှိ ဖူကူရှီမား​ နျူကလီး​ယား​ ဓာတ်အား​ပေး​စက်ရုံရှိ ဓာတ်​ပေါင်း​ဖိုများ​ အက်ကွဲမှု​ကြောင့်​ ​ရေဒီယို သတ္တုကြွ အမှုန်အမွှား​များ​ ​လေနှင့်​အတူ ပျံ့​နှံ့​သွား​နိုင်သည်ဆို​သော သတင်း​သည် ကမ္ဘာ့​နိုင်ငံ အ​တော်များ​များ​ကို ခြိမ်း​ခြောက်လျက်ရှိ​ကြောင်း​ သိရသည်။

ဂျပန်ဝန်ကြီး​ချုပ် နာတိုကန်က အ​အေး​ပေး​စနစ် ပျက်စီး​သွား​သော ဓာတ်​ပေါင်း​ဖို အနီး​တဝိုက်တွင် ​ရေဒီယို သတ္တိကြွမှု မြင့်​တက်လာ​ကြောင်း​ သတင်း​ထောက်များ​အား​ ​ပြောကြား​ခဲ့​သော်လည်း​ အန္တရာယ် ဖြစ်​စေနိုင်​လောက်​သော ပမာဏထိ ရှိမရှိကိုမူ အတိအလင်း​ ​ဖော်ပြမသွား​ချေ။ ၎င်းက နျူကလီး​ယား​ ဓာတ်​ပေါင်း​ဖိုများ​နှင့်​ ကီလိုမီတာ ၃၀ ပတ်လည်အကွာအ​ဝေး​တွင် ​နေထိုင်သူများ​သည် ​နေအိမ်များ​ကို လုံခြံုစွာ ပိတ်ထား​ပြီး​ ​ရေဒီယို သတ္တိကြွမှု​ကြောင့်​ နာမကျန်း​ဖြစ်မှုကို ကာကွယ်သင့်​ကြောင်း​ အကြံပြုခဲ့​သည်။ အစိုး​ရ အရာရှိ တစ်ဦး​ကမူ ​ရေဒီယို သတ္တိကြွမှုသည် လူသား​များ​အတွက် အန္တရာယ် ဖြစ်နိုင်​လောက်​သော အ​နေအထား​ထိ မြင့်​တက်လာမည်ကို စိုး​ရိမ်​နေရ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ကျွမ်း​ကျင်သူများ​က ​လေထဲတွင် နျူကလီး​ယား​ အမှုန်အမွှား​များ​ ပျံ့​လွင့်​ခဲ့​ပါက ​လေစီး​ကြောင်း​အတိုင်း​ လွင့်​မြောပြီး​ ပစိဖိတ် သမုဒ္ဒရာနှင့်​ စပ်ဆက်​နေ​သော နိုင်ငံအချို့​ကို ခြိမ်း​ခြောက်လာနိုင်​ကြောင်း​ သုံး​သပ်ခဲ့​သည်။ ဝန်ကြီး​ချုပ် ကန်ကမူ မိမိတို့​သည် ဓာတ်အား​ပေး​စက်ရုံ၏ အ​အေး​ခံစနစ်အတွက် ဖြစ်နိုင်သမျှ နည်း​လမ်း​အား​လုံး​ကို အသုံး​ပြုပြီး​ ပြင်ဆင်​နေ​ကြောင်း​ ​ပြောဆိုခဲ့​သည်။

မတ်လ ၁၁ ရက်​နေ့​ ငလျင်ကြီး​နောက်ပိုင်း​ ဖူကူရှီး​မား​ လျှပ်စစ်ဓာတ်အား​ပေး​ စက်ရုံရှိ ဓာတ်​ပေါင်း​ဖိုနှစ်ခုမှာ နှစ်ရက်အတွင်း​ ဆက်တိုက်​ပေါက်ကွဲခဲ့​ပြီး​ မတ်လ ၁၅ ရက်​နေ့​က တတိယ ဓာတ်​ပေါင်း​ဖိုတစ်ခု ထပ်မံ​ပေါက်ကွဲခဲ့​သည်။ ဓာတ်အား​ပေး​ စက်ရုံတွင် ဓာတ်​ပေါင်း​ဖို ၆ ခုရှိပြီး​ အား​လုံး​ကို General Electronic က ဒီဇိုင်း​ထုတ်ခဲ့​ပြီး​ Toshiba၊​ Hitachi နှင့်​ General Electronic တို့​ကဲ့​သို့​ ကုမ္ပဏီကြီး​များ​က တည်​ဆောက်ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here