လစ်ဗျား​​တွင် ​ရောက်​ရှိ​နေသည့်​ BBC သတင်း​​​ဌာနအား​ ဂဒါဖီ​​တပ်ဖွဲ့​များ​​က ရန်ပြု

alt

လစ်ဗျား​တွင် စစ်ပွဲသတင်း​များ​ ရယူ​နေသည့်​ BBC သတင်း​ဌာနကို အာဏာရှင် မူအမ်မာ ဂဒါဖီ၏ တပ်ဖွဲ့​များ​က ရန်ပြုခဲ့​ကြောင်း​ သိရသည်။ BBC ၏ အာရပ်ဆိုင်ရာ သတင်း​ဌာန ဝန်ထမ်း​ ၃ ဦး​မှာ ဂဒါဖီ၏ ခါး​ပိုက်​ဆောင်တပ်များ​က ၂၁ နာရီကြာ ဖမ်း​ဆီး​မှုကို ခံခဲ့​ရပြီး​ စစ်တပ်အချုပ်အ​နှောင်အတွင်း​ ရှိ​နေစဉ် အကြမ်း​ဖက် တိုက်ခိုက်မှု ခံခဲ့​ရ​ကြောင်း​ BBC က ​ဖော်ပြခဲ့​သည်။

ယခု BBC ဝန်ထမ်း​ ၃ ဦး​သည် မတ်လ ရ ရက်​နေ့​က အယ်ဇာဟာရာ မြို့​အဝင်ဂိတ်တွင် အဖမ်း​ခံခဲ့​ရခြင်း​ဖြစ်သည်။ ၎င်းတို့​သည် ​ဒေသခံ ကား​ဒရိုင်ဗာတစ်ဦး​ ​မောင်း​နှင်သည့်​ကား​ဖြင့်​ ​ရောက်လာခဲ့​ပြီး​ ဒရိုင်ဗာ အပါအဝင် လူအား​လုံး​ အဖမ်း​ခံရခြင်း​ဖြစ်သည်။ သတင်း​အဖွဲ့​သည် BBC မှဖြစ်​ကြောင်း​ အ​ထောက်အထား​များ​ ပြသခဲ့​သော်လည်း​ စစ်သား​များ​က ၎င်းတို့​အား​ ဖမ်း​ဆီး​ကာ ပစ္စည်း​များ​ကိုလည်း​ သိမ်း​ယူခဲ့​ပြီး​ စစ်တပ်ဧရိယာတစ်ခုတွင် ဖမ်း​ဆီး​ချုပ်​နှောင်ထား​ပြီး​ အစား​အ​သောက်နှင့်​ ​ရေလည်း​ မ​ပေး​ခဲ့​ဟု သိရသည်။ ၂၁ နာရီ အကြာတွင်မူ လူတစ်ဦး​က သတင်း​အဖွဲ့​အား​ လူမှား​ကာ ဖမ်း​မိခြင်း​ဟု လာ​ရောက်​တောင်း​ပန်သလို စား​နပ်ရိက္ခာနှင့်​ ​သောက်​ရေလည်း​ ​ပေး​ခဲ့​ကြောင်း​ BBC ကဆိုသည်။ ထို့​နောက် သတင်း​အဖွဲ့​အား​ ပြန်လွှတ်​ပေး​သလို တည်း​ခိုရာ ဟိုတယ်ထိ ပြန်ပို့​ခဲ့​ကြောင်း​လည်း​ သိရသည်။

BBC က သတင်း​အဖွဲ့​များ​ လစ်ဗျား​မှ ​ချော​မောစွာ လွတ်​မြောက်လာ​ကြောင်း​ အတည်ပြုခဲ့​ပြီး​ ယင်း​တို့​နှိပ်စက်ခံရမှုသည် လစ်ဗျား​ရှိ ဂဒါဖီ၏ တပ်များ​သည် အဖမ်း​ခံရသူများ​ကို အ​မေး​အမြန်း​မရှိ နှပ်စက်တတ်​ကြောင်း​ အ​ထောက်အထား​ပင်ဖြစ်သည်ဟု ​ဝေဖန်ရှုတ်ချသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here