မိခင်​နို့​တိုက်​​ကျွေး​​ခြင်း​မှာ ရင်​သွေး​​အား​ ဉာဏ်ရည်​​ထက်မြက်​​စေ

alt

မိခင်နို့​ တိုက်​ကျွေး​ခြင်း​သည် မိမိ၏ ရင်​သွေး​အား​ ဉာဏ်ရည်ထက်မြက်​စေသည်ဟု သု​တေသီများ​က ယုံကြည်လျက်ရှိသည်။ က​လေး​အသက် သီတင်း​လေး​ပတ် ကြာချိန်ထိ မိခင်နို့​ကို ပြည့်​ပြည့်​ဝဝ မှီဝဲရခြင်း​သည် က​လေး​ငယ်၏ ဦး​နှောက်ဖွံ့​ဖြိုး​မှုကို များ​စွာ အကျိုး​ကျေး​ဇူး​ ဖြစ်ထွန်း​စေ​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။

ထို့​အပြင် မိခင်နို့​က က​လေး​၏ ကိုယ်ခံစွမ်း​အား​ကိုလည်း​ တိုး​ပွား​စေ​ကြောင်း​ သိရသည်။ မိခင်နို့​သည် က​လေး​ငယ်များ​ နား​အတွင်း​ ပိုး​ဝင်ခြင်း​၊​ အစာအိမ် ​ရောဂါများ​နှင့်​ ​ချောင်း​ဆိုး​ခြင်း​တို့​ကို သဘာဝအ​လျောက် ကာကွယ်တား​ဆီး​ပေး​နိုင်သည်။ မိခင်နို့​ရည်သည် က​လေး​များ​၏ ဦး​နှောက်စွမ်း​ရည်ကို သိသာစွာ တိုး​တက်လာ​စေသည်မှာ အမှန်ပင်ဖြစ်ပြီး​ မိခင်နို့​ရည် ဝလင်စွာ ​သောက်စို့​ခဲ့​ရသည့်​ က​လေး​များ​သည် အသက် ၅ နှစ်မှ ၁၄ နှစ်ကြား​ထိ သင်္ချာကဲ့​သို့​ ဘာသာရပ်များ​တွင် ပိုမိုထူး​ချွန်လာတတ်​ကြောင်း​ ယခုသု​တေသန လုပ်ငန်း​တွင် ဦး​ဆောင်ပါဝင်ခဲ့​သော ပညာရှင် တစ်ဦး​ဖြစ်သည့်​ မာရီယာ အီကိုဗူက ရှင်း​ပြခဲ့​သည်။

သို့​သော်လည်း​ ယခုသု​တေသန လုပ်ငန်း​ကို ​လေ့​လာခဲ့​သည့်​ ဗြိတိန်နိုင်ငံသည် ဥ​ရောပ ယူနီယံတွင် မိခင်နို့​ရည် တိုက်​ကျွေး​မှု အနည်း​ဆုံး​ နိုင်ငံတစ်ခုလည်း​ဖြစ်​နေ​ကြောင်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here