ကမ္ဘာ့​​​အချမ်း​သာ​ဆုံး​ ပုဂ္ဂိုလ်​​အဖြစ် မက္ကစီကို​​သူ​ဌေး​​ကြီး​ ၂ နှစ်​ဆက်​ရပ်တည်

alt

မက္ကစီကိုနိုင်ငံမှ သူ​ဌေး​ကြီး​ ကား​လို့​ဆလင်း​သည် ကမ္ဘာ့​အချမ်း​သာဆုံး​ ပုဂ္ဂိုလ်အဖြစ် ၂ နှစ်ဆက် ရပ်တည်နိုင်ခဲ့​ကြောင်း​ သိရသည်။ Forbes မဂ္ဂဇင်း​က အသက် ရ၁ နှစ်အရွယ် မိုဘိုင်း​နည်း​ပညာ သူ​ဌေး​ကြီး​၏ စုစု​ပေါင်း​ ကြွယ်ဝမှု အစုစုသည် ​ဒေါ်လာ ရ၄ ဘီလျံအထက် ရှိနိုင်​ကြောင်း​ ခန့်​မှန်း​ခဲ့​သည်။

Microsoft ကို ထူ​ထောင်ခဲ့​သူ အသက် ၅၅ နှစ်ရှိ ဘီဂိတ်ကမူ ပိုင်ဆိုင်မှု ​ဒေါ်လာ ၃ ဘီလျံ တိုး​လာပြီး​ ​ဒေါ်လာ ၅၆ သန်း​ဖြင့်​ ဒုတိယ​နေရာတွင် ရှိ​နေသည်။ ဆလင်း​၏ စုစု​ပေါင်း​ ကြွယ်ဝမှုမှာ တစ်နှစ်အတွင်း​ ​ဒေါ်လာ ၂၀.၅ ဘီလျံ တိုး​တက်ခဲ့​ကြောင်း​ Forbes ကဆိုသည်။ တတိယ​နေရာတွင် Berkshire Hathaway ၏ CEO ဖြစ်သူ အသက် ၈၀ အရွယ် ဝါနာဘဲဖတ်က ​ဒေါ်လာ ဘီလျံ ၅၀ ဖြင့်​ ရပ်တည်လျက်ရှိသည်။ Forbes ၏ အယ်ဒီတာချုပ် စတီဗင်ဖိုး​ဘက်က ၂၀၁၀ နှင့်​စာလျင် ဆလင်း​၏ ကြွယ်ဝမှုမှာ သိသိသာသာ မြင့်​တက်လာ​ကြောင်း​ သုံး​သပ်ခဲ့​သည်။ အသက် ၂၆ နှစ်သာ ရှိ​သေး​ပြီး​ Facebook.com ကို CEO အဖြစ် ထိန်း​ချုပ်ကိုင်တွယ်ထား​သူ မတ်ဇူကာဘက်မှာ ယမန်နှစ်က အဆင့်​ ၂၁၂ သာ ရှိခဲ့​သော်လည်း​ ယခုအခါ အဆင့်​ ၅၂ ထိ ခုန်တက်လာခဲ့​သည်။

၂၀၁၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး​ အတိုင်း​အတာဖြင့်​ ဘီလျံနာသူ​ဌေး​ ၁၂၁၀ ထိ ရှိလာရာ စံချိန်တင် အ​ရေအတွက် အများ​ဆုံး​ဖြစ်သည်။ ယင်း​တို့​အနက် တရုတ်မှ ၅၄ ဦး​နှင့်​ ရုရှား​မှ ၃၁ ဦး​စီ ပါဝင်​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here