ရုပ်ရှင်​ပြန်​ရိုက်ရန် အာနိုး​​ရှာဝါ​ဇန်ဂါ ပြင်ဆင်​​နေ

alt

အာနိုး​ရှာဝါဇန်ဂါက ၎င်းအ​နေနှင့်​ ရုပ်ရှင်များ​ ပြန်ရိုက်ရန် ဇာတ်ညွှန်း​များ​ကို အ​သေး​စိတ် ​လေ့​လာ​နေ​ကြောင်း​ ​ပြောကြား​လိုက်သည်။ ကယ်လီဖိုး​နီး​ယား​ ပြည်နယ်အုပ်ချုပ်​ရေး​မှူး​ ရာထူး​ကို စွန့်​လွှတ်လိုက်ရပြီး​နောက် ​မောင်စကြာဝဠာ​ဟောင်း​ ​ဟောလီး​ဝုဒ်မင်း​သား​သည် နိုင်ငံ​ရေး​လောကမှ အနုပညာ​လောကသို့​ ပြန်လည်​ခြေချရန် စီစဉ်​နေပြီဖြစ်သည်။

သို့​သော်လည်း​ ၎င်းအ​နေနှင့်​ မည်သည့်​ဇာတ်ကား​တွင် ပါဝင်ရန် အတိအကျ မ​ရွေး​ချယ်နိုင်​သေး​ဟု အာနိုး​က Movie Web နှင့်​ အင်တာဗျူး​တွင် ​ပြောကြား​ခဲ့​သည်။ Terminator၊​ Predator စသည့်​ ဇာတ်ကား​များ​ကို ဆက်လက်ရိုက်ကူး​ရာတွင် ပါဝင်ရန် ဖြစ်နိုင်​သော်လည်း​ အတည်မပြုနိုင်​သေး​ဟု ၎င်းကဆိုသည်။ မိမိ​ပါဝင်မည့်​ ဇာတ်ကား​သစ်ကို ဧပြီလတွင် အပြီး​သတ်​ရွေး​ချယ် ​ကြေညာနိုင်မည်ဟု ​မျှော်လင့်​ကြောင်း​လည်း​ Eraser စတား​က ​ပြောကြား​ခဲ့​သည်။

အာနိုး​သည် ယမန်နှစ်က ရုံတင်ခဲ့​သည့်​ The Expendables ဇာတ်ကား​တွင် ဧည့်​သည်သရုပ်​ဆောင်အဖြစ် ပါဝင်ခဲ့​သော်လည်း​ နိုင်ငံ​ရေး​ သက်တမ်း​တ​လျှောက် အနုပညာ​လောကကို မျက်ကွယ်ပြုထား​ခဲ့​ပြီး​ ယခုအခါမှ ဇာတ်ကား​များ​ ပြန်လည်ရိုက်ကူး​ရန် စိတ်ဝင်စား​လာခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here