Apple iOS 4.3 ထွက်​ရှိ​လာ

alt

iPad 2အား​ စတင်​ရောင်း​ချခြင်း​ မပြုမီ ရက်ပိုင်း​အလိုတွင် Apple က iOS 4.3 ကို ထုတ်​ပေး​လိုက်​ကြောင်း​ သိရသည်။ ထို့​ကြောင့်​ Apple ၏ iPhone၊​ iPadနှင့်​ iPod Touch ကိုင်​ဆောင်သူများ​သည် iOS 4.3 သို့​ Update ပြုလုပ်နိုင်​တော့​မည်ဖြစ်သည်။

Safari ၏ JavaScript စွမ်း​ရည်ကို မြှင့်​တင်​ပေး​ထား​သလို အခြား​သော အဆင့်​မြှင့်​မှုများ​ ပြုလုပ်ထား​သည့်​ OS အသစ်ကို iPad 2 စတင်မ​ရောင်း​ချမီ ၂ ရက်အလို မတ်လ ၉ ရက်​နေ့​တွင် ထုတ်​ပေး​လိုက်ခြင်း​ဖြစ်သည်။ Apple သည် iPad 2 တွင်လည်း​ iOS 4.3 ကို ထည့်​သွင်း​အသုံး​ပြုရန် စီစဉ်ထား​ပြီး​ ယင်း​သည် လက်ရှိ iOS 4.2 ထက် ၂ ဆပိုမြန်​ကြောင်း​ ​ပြောကြား​ထား​သည်။ ယင်း​OSအသစ်ကို iTune မှတဆင့်​ အလွယ်တကူ Install လုပ်နိုင်ပြီး​ iPhone များ​အတွက် အရွယ်အစား​ 423.3MB နှင့်​ iPad အတွက် 596.9MB ​နေရာယူလာမည်ဖြစ်သည်။

Apple က iOS 4.3 တွင် လုံခြံု​ရေး​ဆိုင်ရာ မွမ်း​မံမှုများ​လည်း​ ဖြည့်​တင်း​ထား​ကြောင်း​ ​ဖော်ပြခဲ့​ပြီး​ Wi-Fi ဖမ်း​ယူမှုတွင်လည်း​ ပိုမို​အဆင်​ပြေ​စေမည်ဟု ညွှန်း​ဆိုထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here