ဂျပန်​ဆူနာမီ​အား​ ​လှောင်​ပြောင်​​ခဲ့​သည့်​ 50 Cent ပြန်လည်​​​တောင်း​ပန်​ခဲ့​ရ

alt

ဂျပန်ဆူနာမီအား​ ​လှောင်​ပြောင်ခဲ့​သည့်​အတွက် ​ဝေဖန်မှုများ​ ကြီး​ကြီး​မား​မား​ ကြုံ​တွေ့​ခဲ့​ရပြီး​နောက် 50 Cent မှာ ယင်း​၏ လုပ်ရပ်အား​ ပြန်လည်​တောင်း​ပန်ခဲ့​ကြောင်း​ သိရသည်။ အ​မေရိကန် Rap အဆို​တော်က ဂျပန်တွင် ငလျင်ကြီး​ လှုပ်ခတ်ပြီး​နောက် ဆူနာမီ ​ရေလှိုင်း​များ​ ရိုက်ခတ်လာသည့်​ သတင်း​များ​ အင်တာနက်တွင် ​ဖော်ပြခဲ့​ချိန်တွင်

50 Cent က ထိုအတိုင်း​သာ လှိုင်း​များ​တက်လာတိုင်း​ စိုး​ရိမ်​နေရမည်ဆိုလျင် မိမိအ​နေနှင့်​ ​လော့​စ်အိန်ဂျယ်လိစ်၊​ ဟာဝိုင်ယီနှင့်​ ဂျပန်တို့​သို့​ ​ရောက်​နေတိုင်း​ ​ပြေး​လွှား​တိမ်း​ရှောင်​နေရမည်ဟု Twitter တွင် ​ရေး​သား​ဖော်ပြခဲ့​သည်။

သို့​သော်လည်း​ ​နောက်ပိုင်း​တွင် ထိုကိစ္စနှင့်​ ပတ်သက်၍ 50 Cent က ပြန်လည်​တောင်း​ပန်သွား​ခဲ့​သည်။ မိမိအ​နေနှင့်​ ဂျပန်တွင် ဖြစ်ပွား​ခဲ့​သော သဘာဝ ​ဘေး​အန္တရာယ်ကို သာမန်မျှသာ ​တွေး​ထင်မိခဲ့​ကြောင်း​၊​ ယခုသိရှိလာရသည့်​ ပျက်စီး​ဆုံး​ရှံုး​မှု ပမာဏက မိမိအား​ ​ခြောက်ခြား​စေခဲ့​ကြောင်း​ 50 Cent ကဆိုသည်။

ဂျပန်တွင် ဆူနာမီ ​ရေလှိုင်း​များ​အတွင်း​ ​သေဆုံး​သူ ၁၇၀၀ ဝန်း​ကျင်ထိ ရှိလာပြီး​ အ​သေအ​ပျောက် ပမာဏ ၁၀၀၀၀ ​ကျော်ထိ မြင့်​တက်လာနိုင်​ကြောင်း​ ကယ်ဆယ်​ရေး​များ​က ခန့်​မှန်း​သုံး​သပ်ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here