ဂျာမနီ​နျူကလီး​ယား​​ဓာတ်​ပေါင်း​​ဖိုများ​ သက်တမ်း​​တိုး​မြှင့်​ အသုံး​ပြုခြင်း​ကြောင့်​ ဆန္ဒပြမှု​များ​​ဖြစ်

alt

ဂျာမနီနိုင်ငံတွင် နျူကလီး​ယား​ ဓာတ်​ပေါင်း​ဖိုများ​ကို သက်တမ်း​တိုး​မြှင့်​ အသုံး​ပြုသွား​ရန် အစိုး​ရက ဆုံး​ဖြတ်ခဲ့​မှုအ​ပေါ် ဆန္ဒပြမှုများ​ ဖြစ်​ပေါ်ခဲ့​ကြောင်း​ သိရသည်။ လူ​ပေါင်း​ ​သောင်း​နှင့်​ချီ ပါဝင်​သော ဆန္ဒပြသူများ​က ဂျပန်တွင် လက်တ​လော ဖြစ်​ပေါ်​နေသည့်​ နျူကလီး​ယား​ အ​ရေး​အခင်း​နှင့်​ ပတ်သက်ပြီး​ အစိုး​ရက နမူနာယူသင့်​ကြောင်း​ ​ကြွေး​ကြော်ခဲ့​ကြသည်။

စတုဂတ်မြို့​တွင် လူတန်း​ကြီး​အဖြစ် စီတန်း​မှုတွင် လူ​ပေါင်း​ ​ခြောက်​သောင်း​မျှ ပါဝင်ခဲ့​ကြောင်း​ လှံု့​ဆော်စည်း​ရုံး​သူများ​ကဆိုသည်။ ရဲများ​ကမူ လူဦး​ရေ နှစ်​သောင်း​၊​ သုံး​သောင်း​မျှသာ ရှိနိုင်​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ဂျာမန်ဝန်ကြီး​ချုပ် အိန်ဂျယ်လာ မာကယ်သည် ပြီး​ခဲ့​သည့်​နှစ်က နျူကလီး​ယား​ ဓာတ်​ပေါင်း​ဖိုများ​ကို သက်တမ်း​တိုး​ အသုံး​ပြုရန် ဆုံး​ဖြတ်ခဲ့​သော်လည်း​ ဆန္ဒပြသူများ​က ဓာတ်​ပေါင်း​ဖိုများ​၏ လုံခြံုစိတ်ချရမှုနှင့်​ ပတ်သက်ပြီး​ စိုး​ရိမ်​နေသည်။ မာကယ်ကမူ ဓာတ်​ပေါင်း​ဖိုများ​၏ ခံနိုင်ရည်ကို အာမခံနိုင်​ကြောင်း​နှင့်​ ပြင်း​ထန်​သော ငလျင်ကဖြစ်​စေ၊​ အင်အား​အလွန်​ကောင်း​သော ​ရေလှိုင်း​များ​ကဖြစ်​စေ မဖျက်ဆီး​နိုင်​ကြောင်း​ ​ပြောဆိုထား​သည်။

လက်ရှိတွင်မူ ဂျပန်နိုင်ငံသည် ငလျင်လှုပ်ခတ်မှု ဖြစ်ပွား​ပြီး​နောက် နျူကလီး​ယား​ ဓာတ်​ပေါင်း​ဖိုတစ်ခုတွင် ​ပေါက်ကွဲမှုများ​ ဖြစ်​ပေါ်ခဲ့​ပြီး​ နျူကလီး​ယား​ ယိုစိမ့်​မှုများ​ ဖြစ်​ပေါ်နိုင်သည့်​ ကြီး​ကြီး​မား​မား​ ခြိမ်း​ခြောက်မှုမျိုး​နှင့်​ ရင်ဆိုင်​နေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here